Love is.....infinity for you

33.9K 1.2K 57
                                    

"ကို..."

"အွန်.."

"အရမ်းချစ်တယ် သိလား..."

သူ့စကားကိုနားထောင်ပြီး ပိုမိုတင်းကျပ်စွာဖက်တွယ်လာရင်းမှ ပြောလာသောသူမလေးကြောင့် သူက ပါးလေးကိုဖိကပ်နမ်းလိုက်ရင်း

"သိတာပေါ့ ကိုယ့်အသဲရယ်..."

"ကို.."

"ဟွန်..."

"မန်းလေးဆင်းဦးမလားဟင်..၊ရောက်လက်စနဲ့ ဆင်းရအောင်..."

"အွန်း ဆင်းကြမယ်လေ...။ကိုဘုန်းကတောင် ကိုယ့်ကို အလုပ်တွေရှင်းရင် ဆင်းခဲ့ဖို့ခေါ်နေတာ..."

"ဟွန်..ကိုကြီးက ကို့ဆီ ph ဆက်တယ်ပေါ့၊ဘယ်တုန်းကဆက်တာလဲ...။ကိုယ့်ညီမဆီကိုတောင် တစ်လနေလို့ တစ်ခါမဆက်ဘဲနဲ့ ထူးထူးဆန်းဆန်း..."

"အဟွန်း ကြည့်ရတာ ကိုဘုန်းက အံ့မခန်းထင်ထွက်သွားတဲ့နောက်ပိုင်း ပျင်းနေတယ်ထင်တယ်...။ကိုယ့်ကိုလဲ ယောက်ဖသာဆိုတာ..ညီအစ်ကိုလိုခင်တွယ်ရှာတယ်...။သူ့ညီမကိုချစ်တော့ ကိုယ့်ကိုလဲချစ်ပေးတယ်...။ဒီနေရာမှာ တခြားသူတွေလို ယောက်ဖကိုကြောက္မနေရဘဲ အဆင်ပြေပြေနေရတာကိုက ကိုယ်ကံကောင်းတာပဲ..."

သူမက ဖက်ထားရာကနေခွာကာ သူ့ကိုမျက်နှာချင်းဆိုင်ကြည့်၍

"ကိုက တစ်ဦးတည်းသောသားသာဆိုတယ်..၊အပေါင်းအသင်းလဲမမက္ဘူး အဖော်လဲမမက္ဘူးနော်...။အင်းလေ..ဘယ်မက္မှာလဲ...၊အရွယ်ရောက်ကတည်းက ရည်းစားတွေထားလာတော့ အပေါင်းအသင်းလဲမလိုတော့ဘူးနေမှာပေါ့"

သူ့ဘာသာပြောပြီး သူ့ဘာသာပြန်ဖြေကာ အဆုံးသတ်မှာ မဲ့ရွဲ့သွားသောမျက်နှာလေးကိုကြည့်၍ သူက သဘောကျစွာရယ်မောမိရင်းမှ နှာခေါင်းလေးကို ခပ်ဖွဖွဆွဲညှစ်လိုက်ရင်း

"ကိုယ့်မှာက ဝမ်းကွဲညီအစ်ကိုတွေအများကြီးရှိတယ်လေ...။အရွယ်ရောက်ကတည်းက ရည်းစားတွေထားတာပဲမြင်တာ..၊အလုပ်တွေလုပ်တာကျတော့ မမြင်ဘူးမို့လား ဟွန်..."

"အလုပ်လုပ်မယ်ဆိုလဲ အလုပ်ပဲကောင်းကောင်းလုပ်လေ...၊ဘာလို့ပွေရှုပ်နေရတာလဲ...။အလုပ်များတဲ့ကြားကကို မိန်းကလေးတွေထည်လဲတွဲနိုင်သေးတာဆိုတော့ ဘာလဲ..ကိုက Successful Life ကြီးကို ထူထောင်နိုင်ခဲ့တယ်ဆိုပြီးတော့ ဂုဏ်ယူချင်တာပေါ့ ဟုတ်လား...။အလုပ်လဲမပြတ်ဘူး ရည်းစားတွေလဲအထားမပျက်ဘူးပေါ့လေ...။အဟွန်း...အောင်မြင်ခဲ့တာပဲနော် ဘရိုက..။ကို့ဖေဖေရော မေမေရော မိဘနှစ်ယောက်လုံးကလဲ လုံးဝအေးအေးဆေးဆေးကို ကို့ကျမှဗွေဖောက်နေတာ ဘယ်သူနဲ့တူတာလဲ ပြောပါဦး..."

You are the only Exception!Where stories live. Discover now