ဟိုတယ်ဘက်ကနေ အိမ်ဘက်သို့ ဝင့်ဝါက ပြန်လိုက်ပို့ပေးရင်း မင်္ဂလာအခန်းကိုကြည့်ချင်သည်ဟုဆိုကာ သူမတို့အခန်းထဲအထိလိုက်ကြည့်ပြီးမှ ပြန်သွားလေသည်။သူမကတော့ ဝတ်ထားရသော Dinner Dress ကိုချွတ်၍ ပေါ့ပေါ့ပါးပါးနေချင်လှပြီမို့ ဝင့်ဝါကို အိမ်ရှေ့လိုက်ပို့ပေးပြီးလျှင် ရေချိုးခန်းထဲတန်းဝင်ကာ ခေါင်းလျှော်ရေချိုးပစ်လိုက်သည်။ထို့နောက် ပြန်ထွက်လာပြီး ဆံပင်တွေကိုအခြောက်ခံရန် ပြင်နေစဉ်မှာပင် ကုတင်ပေါ်မှာ ထင်သာမြင်သာရှိအောင် တင်ထားသောဘူးတစ်ဘူးအား တွေ့လိုက်ရလေသည်။အစောတုန်းက ဝင့်ဝါလက်ထဲမှာ တစ်ခုခုကိုင်လာမှန်းသိသော်လည်း ပင်ပန်းနေသောသူမက ထိုအကြောင်းကို အရေးတယူမမေးမိခဲ့။အခုမှပင် အကြောင်းမရှိအကြောင်းရှာပြီး အခန်းထဲထိလိုက်လာသည်ကို သဘောပေါက်သွားမိရရင်း ဘာမှန်းမသိသောကြောင့် ဘူးကိုယူကာ ဖွင့်ကြည့်လိုက်သည်။ထိုအခါ တွေ့လိုက်ရသည်က Couple ညအိပ်ဝတ်စုံပင်ဖြစ်ပြီး ဘူးထဲမှာ ဝတ်စုံနှင့်အတူပါလာသည့် စာရွက်ခေါက်လေးအား သူမက ယူဖတ်ကြည့်လိုက်လျှင်
" Hope you guys love our present, enjoy your first night with that night dress "
Wint War & Thiha
ကြည့်လိုက်သည်နှင့် ဝင့်ဝါအကြံအစည်မှန်းသိသာနေသည်မို့ စိတ်ထဲကနေ ကျိန်ဆဲလိုက္မိရင်းမှ အထဲမှာပါသောဝတ်စုံအား ဖြန့်ကြည့်လိုက္မိသည်။ထိုအခါတွင် သူမ၏လက်ထဲမှာ လှပကြွရွစွာရှိနေသည့် ဆင်စွယ်ရောင်ပိုးသားပျော့ပျော့ဝတ်စုံလေးက တစ်ကိုင်းကြိုး V shape ပုံလည်ဟိုက်ဖြင့် ဂါဝန်၏အတိုမှာ ပေါင်လယ်လောက်သာရှိပြီး လက်စကလောက်ရှိမည့် ကြိုးချည်ဝတ်ရုံအပေါ်ထပ်လေးနှင့် တွဲလျက်လာခြင်းဖြစ်သည်။ထို့နောက် ယောက်ျားလေးဝတ်ကိုပါယူကြည့်လိုက်လျှင် ရိုးရိုးရှင်းရှင်း Bathrobe ပုံစံ ကြိုးချည်ဝတ်ရသောဝတ်ရုံသည် တစ်ထပ်တည်းသာဖြစ်သောကြောင့် သူ့အသားကတော့ အနည်းငယ်ပိုထူသည်။
သူမက ဝတ်စုံကိုကိုင်ကြည့်ပြီး ဝတ်ရမဝတ်ရ စဉ်းစားရင်း တွေဝေနေစဉ် အခန်းတံခါးဖွင့်ကာ ရုတ်တရက်ဝင်လာသောသူ့ကြောင့် ဆတ်ခနဲတုန်သွားရအောင်ပင် လန့်ဖျပ်သွားမိသည်။ထိုသို့ဖြင့် မလုံမလဲနှင့်ရင်တွေတုန်ပြီး ကြက်သေသေနေသောသူမအား သူက တစ်ချက်ကြည့်ကာ အနားကိုလျှောက်လာရင်း
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
