"ကိုယ့်ရဲ့အသဲ..."
"အရမ်းချစ်တယ်..."
အိပ်ရာကနေနိုးလာသည်နှင့် အနားကိုကပ်ကာ တိုးဖွဖွပြောနေသော်လည်း သူမကတော့ နိုးမလာသေးပေ။သို့နှင့်ပင် အိပ်ပျော်နေဆဲဖြစ်သည့် သူမ၏မျက်နှာလေးကို အသာပြုံးကြည့်နေမိရင်း မနေ့ညကပြန်မက္ခဲ့ေလသော အိမ်မက္ထဲမှမှတ်ဉာဏ်တစ်ပိုင်းတစ်စအား သူက ပြန်လည်ပုံဖော်ကြည့်မိေလသည်။
ထိုစဉ်က ဂူအတွင်းထဲကနေ ပြန်ထွက္မလာသေးသည့်မေမေတို့ကို ဂူပေါက်ဝမှာရပ်စောင့်နေသောသူ့အား ကိုကိုဟုခေါ်လာသောအသံလေးနှင့်အတူ သူ့ရဲ့လက်တစ်ဖက်ကို ဝမ်းသာအားရလာတွဲခဲ့သည့် ကလေးမလေး။သူငုံ့ကြည့်လိုက်ချိန်မှာ သူ့ကိုကြည့်လာသည့်မျက်လုံးလေးတွေက သူမ ရှာနေသောသူမဟုတ်၍ စိတ်ပျက်ပြီး အနည်းငယ်လန့်သွားသည့်ပုံစံ။အထက်အောက်အနီရောင်ဝမ်းဆက် ဝတ်ထားသောကလေးမလေးက ကြည့်လိုက်သည်နှင့်ပင် ချစ်စရာကောင်းလှသောပုံစံလေးကြောင့် သူက လက်ကိုပြန်မရုန်းမိဘဲ သေချာဂရုတစိုက္မေးမြန်းဖြစ်ခဲ့သည်။ထို့နောက် လူကွဲနေမှန်းသိပြီးချိန်မှာလည်း မိသားစုတွေကိုလိုက်ရှာပေးရင်းမှ သူမ၏အစ်ကိုနှင့်အံ့မခန်းထင်တို့ကိုတွေ့ချိန်တွင် သူကိုယ်တိုင်ပဲ သူတို့လက်ထဲသို့ ပြန်အပ်ပေးခဲ့ခြင်းဖြစ်သည်။ထိုစဉ်ကတည်းက စခဲ့ရသောကံကြမ္မာဟာ နောက်တစ်ကြိမ် ထပ်မံဆုံဆည်းခွင့်ပေးပြီး ပေါင်းဖက်စေခဲ့သောကြောင့် အခုတော့ သူမလေးက သူ့ရဲ့ဇနီးမယားအဖြစ် တည်ရှိနေရလေပြီ။ရေစက်ဟုပြောနိုင်သလို ဖူးစာဟုလည်းခေါ်ဆိုရမည့် တွေ့ဆုံမှုလေးအကြောင်းအား တွေးကြည့်လေလေ ကြည်နူးစိတ်ဖြင့် သူမကို ပိုချစ်ရလေလေဖြစ်ရသည်မို့ သူက မနေနိုင်စွာပင် သူမ၏နှုတ်ခမ်းလေးတွေကို အားအပြည့်နှင့် နမ်းရှိုက်လိုက္မိသည်။
အိပ်ရာကမနိုးခင်မှာ အနမ်းခံလိုက်ရ၍ တွန့်ခနဲဖြစ်ကာ နိုးသွားရသော်လည်း သူမက တွန်းမလွှတ်ဘဲ ပိုမိုတိုးေဝှ့ထိကပ်ပြီး သူနှင့်အတူပူးပေါင်းရင်း ပြန်လည်တုံ့ပြန်လိုက္မိလေသည်။နဂိုကတည်းကပင် အားပါနေသောသူ့အနမ်းတွေက ပို၍ပြင်းထန်လာချိန်မှာ သူမကို အပေါ်ကနေအုပ်မိုးလိုက်လျှင် သူ့ဆီမှ ပူနွေးမာကျောနေပြီဖြစ်သည့်အထိအတွေ့ကို သေချာခံစားလိုက်ရသည်။ထို့နောက် လုံးဝပြန်မလွှတ်တော့ဘဲ ဆက်တိုက်ေရှ့ဆက်နေသောအနမ်းတွေဆီမှာ နှစ်လိုစွာခိုလှုံမိရင်း တဖြည်းဖြည်းနှင့် သိသာလာသောတုံ့ပြန်မှုကြောင့် သူမက သူ့မျက်နှာကိုထိကိုင်ကာ စေ့စေ့ကြည့်လိုက်သောအခါတွင် သူကလည်း ရီဝေစွာဖြင့် ပြန်ကြည့်လာေလသည်။သို့နှင့် သူမက သူ့ပါးနှစ်ဖက်ကို ခပ်ဖွဖွလေးညှပ်ကိုင်ပြီး အသာအယာပြုံးပြလိုက်ရင်း
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...