🔥မင်းကို ငါ့လက်နဲ့ သေအောင်သတ်ပစ်မှာ🔥

44.4K 1.2K 48
                                        

"ကို..."

"အရမ်းချစ်တယ်..."

နားထဲမှာကြားလိုက်ရသော အသံတိုးတိုးလေးနှင့် နှာခေါင်းကိုခပ်ဖွဖွထိတွေ့နေသော နှုတ်ခမ်းလေး၏နူးညံ့မှုကို သိရှိခံစားလိုက်ရလျှင် သူက အိပ်နေရာမှနိုးလာခဲ့ရရင်း ကြည်နူးစွာဖြင့် ပြုံးလိုက္မိသည်။ရင်ဘတ်ပေါ်သို့မေးလေးတင်ကာ သူ့မျက်နှာကိုစိုက်ကြည့်နေသော သူမ‌ေလးက သူနိုးလာသည်ကိုမြင်သည်နှင့် ချက်ချင်းပင် အနမ်းတစ်ချက်ပေး၍

"Morning..."

ထိုအခါ သူက ခေါင်းလေးကိုအုပ်မိုးကိုင်ပြီး အသာအယာဆွဲယူလိုက်ကာ သူမ၏နှုတ်ခမ်းလေးအား ပြန်လည်နမ်းရှိုက်လိုက်ပြီးလျှင်

"ကိုယ့်ရဲ့အသဲလေး Morning..."

ထို့နောက် သူမက ရင်ဘတ်ပေါ်သို့ပါးလေးအပ်ထားကာ သူ့ရင်ခုန်သံကိုနားထောင်နေရင်း ပြန်ပြောလာသည်။

"ဗိုက်ဆာနေလို့ နှိုးလိုက်တာ..."

သူက နာရီကိုလှမ်းကြည့်လိုက်လျှင် ခုနစ်နာရီထိုးနေပြီမို့

"ဗိုက်ဆာနေရင် ထမယ်လေ...။ရေချိုးပြီးတာနဲ့ မနက်စာသွားစားကြစို့"

ပြောရင်း ခေါင်းလေးကိုအသာငုံ့နမ်းလိုက်သောသူ့အား သူမကမော့ကြည့်ကာ တိုးတိုးလေးပြောလာသည်။

"ခါးတွေနာနေတယ်..."

သူမ၏စကားကြောင့် သူက ချက်ချင်းပဲ ကိုယ်လုံးလေးကို သူ့အပေါ်သို့ထပ်တင်လိုက်ပြီးလျှင် ခါးနားကိုစမ်းကြည့်ရင်း

"တအားနာနေလား...။ကျန်တဲ့နေရာတွေရော..."

"တအားတော့မဟုတ်ပါဘူး...။ဒါပေမဲ့ ကျောတွေအောင့်နေတာ...။လှုပ်လိုက်ရင် ခါးကနည်းနည်းနာတယ်...။ကျန်တဲ့နေရာတွေက အဲ့လောက္မဟုတ်ဘူး..."

"အွန်း လောလောဆယ်သက်သာသွားအောင် ရေပူအရင်စိမ်လိုက်ဦး...။ပြီးမှ နေ့လယ်ပိုင်းလောက်ကို ဟိုတစ်ခါကလိုပဲနှိပ်ပေးမယ်နော်..."

"အွန်း..."

ထို့နောက် သူက သူမအတွက်ကို ရေပူစပ်ပေးရန် ထလိုက်ပြီးလျှင် ရေချိုးပြီးသည်နှင့် နှစ်ယောက်သား Dining Room သို့ထွက်ခဲ့လိုက်ကြသည်။သူမတို့ရောက်ပြီး ခဏအကြာမှာ ဝင့်ဝါတို့ပါရောက်လာကြသည်မို့ အတူတူထိုင်စားနေကြစဉ် kitchen ထဲကနေထွက်လာသောထက္မြတ်က လက်ထဲမှာကိုင်လာသည့်ပန်းကန်ကို သူမရှေ့မှာချပေးလာရင်း

You are the only Exception!Место, где живут истории. Откройте их для себя