"ဘာလိုလိုနဲ့ သင်္ကြန်တောင်ရောက်တော့မယ်နော်..."
ကလေးတွေကိုသိပ်ပြီး သူတို့အခန်းသို့ပြန်ရောက်ချိန်မှာ စားပွဲပေါ်မှ Calendar ကိုတစ်ချက်လှမ်းကြည့်ရင်း သူမကပြောလိုက်ခြင်းဖြစ်သည်။
"မနှစ်ကတည်းက မန်းလေးမှာသင်္ကြန်သွားကျချင်တယ်ပဲ တဖွဖွပြောနေတာ...။ဒီနှစ်သွားရတော့မှာပေါ့.."
သူ့စကားကို သူမက ကျေနပ်စွာခေါင်းလေးညိတ်၍
"အွန်း သွားရတော့မယ်..."
မနှစ်က ကလေးတွေငယ်နေသေးသည့်အတွက်ကို သင်္ကြန်မှာ ဘယ်မှမသွားဖြစ်လိုက်ဘဲ အိမ်နှင့်ဟိုတယ်နှင့်ကူး၍သာ နှစ်သစ်ကိုကြိုဆိုခဲ့ကြရသည်။ဒီနှစ်မှာတော့ သင်္ကြန်ဆိုတာကို ပထမဆုံးစတင်ထိတွေ့ရမည့် ကလေးနှစ်ယောက်အား စိတ်ကူးထားသည့်အတိုင်းပင် မန္တလေးသင်္ကြန်နှင့် သေချာမိတ်ဆက်ပေးရပေတော့မည်။
"သင်္ကြန်က ဘယ်နေ့ကစတာလဲ...။ကိုယ်တို့ရော ဘယ်နေ့လောက်သွားကြမလဲ..."
"(၁၃)ရက်နေ့အကြိုဆိုတော့ (၁၀)ရက်နေ့လောက်ကတည်းက ကြိုသွားကြမယ်လေ...။သင်္ကြန်မတိုင်ခင်ရက်တွေဆို အိမ်ကအလုပ်များတတ်တော့ စောစောလေးကြိုသွားမှပဲဖြစ်မှာ..."
ထိုအခါ သူမ၏စကားကြောင့် သူက မျက်ခုံးပင့်ကြည့်လာရင်း
"ဘာတွေအလုပ်များလို့လဲ..."
သူမက ပြုံးစစလေးနှင့် သူ့လိုပင် မျက်ခုံးလေးတစ်ချက်ပင့်ကာ ပြန်ကြည့်၍
"အိမ်ရောက်ရင် သိလိမ့်မယ်..."
ထိုမျက်နှာလေးကို သူက ခပ်ပြုံးပြုံးပင်ကြည့်နေမိရင်းမှ
"အဲ့ဒါဆို သားနဲ့သမီးရဲ့ပထမဆုံးခရီးက မန်းလေးပဲပေါ့ ဟုတ်လား..."
အားရပါးရပြုံးကာ သူ့ကို ကျေကျေနပ်နပ်ကြီးခေါင်းညိတ်ပြလိုက်သည်။
"ဒါပေါ့..."
"ဟုတ်ပြီလေ...ဒီနှစ်သင်္ကြန်တော့ ကိုယ်က ဆံထုံးနောက်ကို သျှောင်ပါရပြီပဲ..."
သူမက မျက်စောင်းလေးချီကြည့်ရင်း
"ခဏတစ်ဖြုတ်လေးသွားတာကို အပိုတွေ...။ဒါနဲ့လေ ကို..ပြောဦးမယ်..."
KAMU SEDANG MEMBACA
You are the only Exception!
Romansaအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
