"အေးပါဟာ...၊ငါ့ကို လှမ်းစိတ်ပူမနေနဲ့ နင်သာဂရုစိုက်..။အခုရော..နေရထိုင်ရတာ အဆင်ပြေရဲ့လား..."
"....."
"ဟဟား...နင်က သားရှင်ဆိုတော့ မမွေးခင်ကတည်းက ချေမိုးနေပြီပေါ့လေ..။ဒီမယ်..ငါက နင့်လို တစ်ယောက်တည်းမဟုတ်ဘူးနော်...၊နှစ်ယောက်တောင်မွေးမှာသိလား...။သားဆိုလဲနှစ်ယောက်၊သမီးဆိုလဲနှစ်ယောက်၊စုံလိုက်လဲဖြစ်ချင်ဖြစ်ဦးမှာ...။ဘာပဲဖြစ်ဖြစ် နင့်ကို ပြန်ချေလို့ရတဲ့ အနေအထားရှိထားပြီးသား သိရဲ့လား..."
သူက ကလေးတွေလို အနိုင်မခံအရှုံးမပေးပြောဆိုကာ စကားနိုင်လုနေသော သူမကိုကြည့်ပြီး အသာပြုံးမိလိုက်ရသည်။ဒီအတိုင်းသာဆိုလျှင် သူမဗိုက်ထဲက ကလေးတွေသည်လည်း စကားတတ်လွန်းသော သူမ၏မျိုးရိုးဗီဇတွေပါ ပေါင်းစပ်ထားပေသည်မို့ နောင်လာမည့်နှစ်တွေမှာ ဒီလိုစွာကျယ်ကျယ်အသံလေးတွေကို ဝေဝေဆာဆာ ကြားရပေလိမ့်ဦးမည်။
"အေးပါဟာ....လာခဲ့ပါမယ်...။အဲ့ဒါဆို တွေ့မှပြောကြစို့လေ..။မွေးကာနီးဖွားကာနီး ဂရုစိုက်နေဦး...။ဟိုဒီလျှောက်သွားမနေနဲ့.."
"....."
"အေးပါ...၊ဒါပဲ ph ချပြီ.."
သူမက ညစာစားပြီးနောက် အခန်းထဲမှာပင် ဖြည်းဖြည်းချင်း ဟိုဘက်ဒီဘက်လမ်းလျှောက်ရင်း ph ပြောနေခြင်းဖြစ်သည်။ထို့နောက် ဖုန်းချပြီးသည်နှင့် ဆိုဖာမှာအလုပ်ထိုင်လုပ်နေသော သူ့ဘေးနားသို့သွားကာ ဝင်ထိုင်လိုက်ရင်း
"ကို ဝင့်ဝါမွေးရင် ပြင်ဦးလွင်သွားကြရအောင်နော်...။သူ့ကလေးလေးကိုလဲ ကြည့်ချင်သေးတယ်...။ပြီးတော့ မန်းလေးက အမေ့ကိုလဲလွမ်းတယ်..."
ပြောနေရာက သူ့လက္မောင်းကိုမှီတွယ်ကာ ပခုံးပေါ်ခေါင်းတင်လာသည့် ကိုယ်လုံးလေးအား သူက ပြန်လည်သိုင်းဖက်လိုက်ရင်း
"အွန်း သွားကြမယ်နော်...။သွားရင်လဲ ကားနဲ့ပဲ နားနားေနနေသွားမယ်...။မသွားခင် ဒေါက်တာ့ဆီသွားပြီးတော့ စစ်စရာရှိတာ အရင်စစ်ကြရအောင်...။ပြီးမှ စိတ်ချလက်ချနဲ့ ဖြည်းဖြည်းချင်းပဲသွားတာပေါ့..။ရောက်ရင်လဲ မန်းလေးမှာ အေးအေးဆေးဆေး တစ်ထောက်နားပြီးမှ ပြင်ဦးလွင်တက်ကြမယ်..၊ဆက်တိုက်ကြီး ခရီးဆက်လို့တော့ မဖြစ်ဘူး..."
![](https://img.wattpad.com/cover/269049768-288-k472122.jpg)
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...