လေယာဉ်ပေါ်မှာလည်း အလုပ်ကမပြတ်သောကြောင့် ဘေးကသူ့လက်ထောက် အစီအရင်ခံသမျှကိုနားထောင်လာရင်း လက္မှတ်ထိုးစရာရှိသည့်ဖိုင်တွေနှင့် စစ်ဆေးစရာရှိသည်များကိုကြည့်နေရသည်။
ရန်ကုန်ရောက်သည်နှင့် တွေ့စရာရှိသည့်လူကြီးပိုင်းတွေကိုဝင်တွေ့ပြီး မန္တလေးသို့တောက်လျှောက်သွားမည်ဖြစ်ကာ မန္တလေးမှာ ကိုဇော်တို့လုပ်ငန်းရှင်တစ်စုနှင့်တွေ့ပြီးလျှင် ပြင်ဦးလွင်ကိုဆက်၍ ကားနှင့်ပင်တက္မည်ဖြစ်လေသည်။တစ်လျှောက်လုံးမနားရဘဲ ဆက်တိုက်ပင်ခရီးဆက်ရမည်ဆိုပေမဲ့ ဒါတွေက သူ့အတွက် အဆန်းမဟုတ်တော့။အလုပ်နှင့်ပတ်သက်လာလျှင် သူက ကြောက်စရာကောင်းအောင် ဇွဲနပဲကြီးသည်။စည်းကမ်းကြီးသည်။တိကျပြတ်သားသည်။ထို့ကြောင့်လည်း သူ့ Company မှာ တော်ရိလျော်ရိဝန်ထမ်းမျိုးဝင်လာပြီး အလုပ်လာလုပ်၍မရ။အဝင်လည်းမခံ။အပျင်းကြီးအချောင်ခိုတတ်သည့်လူမျိုးဆိုတာ သူ့ပတ်ဝန်းကျင်မှာမရှိသလို ရှိနေအောင်လည်း မထားတတ်။
သို့ရာတွင် ထိုသို့သောသူက အလုပ်နှင့်ကိုယ်ရေးကိုယ်တာကိုတော့ သေချာကွဲပြားသည်။သူများထက်ပို၍ အလုပ်ထဲတွင် စိတ်ရောကိုယ်ပါမြှုပ်နှံကာ ကြိုးစားအားထုတ်ပြီး စီးပွားရေးလောကမှာ အရှိန်အဝါကြီးလာသည်ဆိုပေမဲ့ သူသည်လည်းလူပဲလေ။စိတ်အပန်းဖြေတတ်သည်။ပျော်ပါးတတ်သည်။ကိုယ့်ကိုယ်ကိုယ် ဘာလိုအပ်သလဲ၊ဘယ်လိုအနားပေးရမလဲဆိုသည်ကို ကောင်းကောင်းနားလည်သည်။ထို့ကြောင့် သူ့အတွက် စိတ်အပန်းဖြေစရာ စိတ်ရဲ့ထွက်ပေါက်အဖြစ် ပြုလုပ်လေ့ရှိသောနည်းလမ်းကတော့ မိန်းကလေးတွေတစ်ယောက်ပြီးတစ်ယောက် ထည်လဲတွဲတတ်ခြင်းပင်ဖြစ်သည်။အကယ်၍ သူ့ကိုအပြစ်ရှာသည့်မျက်လုံးမျိုးနှင့် ကြံဖန်ကာကြည့်မည်ဆိုလျှင်တော့ ပွေရှုပ်သည်ဟုအမည်တပ်၍ရမည့် ရည်းစားများလှသောအချက်တစ်ချက်သာ ရှိမည်ဖြစ်ေလသည်။
ရန်ကုန်ရောက်လျှင် ချိန်းဆိုထားသည့် သူ့စီးပွားဖက်ပါတနာများနှင့် အရင်သွားတွေ့သည်။ပြီးလျှင် လာရင်းကိစ္စဖြစ်သည့် အုပ်ချုပ်မှုပိုင်းက ဆိုင်ရာလူကြီးများနှင့် တွေ့ပြီးသွားသောအခါမှာတော့ တစ်နေကုန်သွားပြီဖြစ်ကာ မန္တလေးသို့ ချက်ချင်းသွားရမည်ဖြစ်၍ မနားတော့ဘဲ ခရီးပြန်ဆက်ရလေသည်။ထိုသို့ဖြင့် မန္တလေးကိုရောက်ချိန်တွင် ညပိုင်းကိုရောက်သွားပြီဖြစ်သောကြောင့် ကိုဇော်တို့က ညစာစားရင်းတွေ့ကြရန်အတွက် သူရှိသည့်ဟိုတယ်ကိုပင် လာကြမည်ဖြစ်သည်။
![](https://img.wattpad.com/cover/269049768-288-k472122.jpg)
ВЫ ЧИТАЕТЕ
You are the only Exception!
Любовные романыအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...