"သဲလေး ထတော့.."
အနားနားကပ်ကာ တိုးဖွဖွနှိုးလာသည့်အသံကြောင့် လူကနိုးလာရသော်လည်း မျက်လုံးကမပွင့်သေး။သို့နှင့် နှုတ်ခမ်းဆီသို့ထိကပ်လာသည့် ေနွးေထွးေနသောအထိအတွေ့ကို ခံစားမိချိန်မှာတော့ မျက်လုံးတွေပွင့်သွားရပြီဖြစ်သောသူမက မျက်စိရှေ့တည့်တည့်ရှိ သူ့ကိုကြည့်လိုက်လျှင်
"နိုးပြီလား...။ထတော့လေ သဲ..၊သွားကြမယ်...။နေမြင့်သွားလို့ လူများလာရင် ကောင်းကောင်းမကြည့်ရဘဲနေမှာစိုးလို့.."
"အွန်း.....အခု ဘယ်နှစ်နာရီလဲ..."
"လေးနာရီမတ်တင်း...။ထတော့နော်...၊မျက်နှာသစ်ပြင်ဆင်တော့..။မနက်စာ sandwich ရှိတယ်...။ကားပေါ်ရောက်ရင်စားနော်..."
"ဘာသားနဲ့လဲ..."
ထိုအမေးကို သူက မနေနိုင်စွာ တစ်ချက်ရယ်မိရင်း
"အဟွန်း sausage နဲ့ပဲ...။ထ..ထ လုပ်တော့"
ထိုကဲ့သို့ ပါးစပ်ကပြောနေရင်း တစ်ဆက်တည်း သူမကိုပွေ့ချီပြီး ရေချိုးခန်းထဲပို့လိုက်သော်လည်း အိပ်ချင်မူးတူးသူမက ရေထိတာတောင် အိပ်ချင်စိတ်မပြေ။ထို့နောက် ပြန်ထွက်လာလျှင် ရေချိုးခန်းတံခါးအဝမှာ စောင့်နေသောသူက
"ရော့ သဲ ဒါဝတ်လိုက်..."
ကြည့်လိုက်တော့ သူနှင့်ဆင်တူ sweat pant အနက်ရောင်လေးနှင့် စွပ်ကျယ်အဖြူလေးကိုတွေ့ရကာ တောင်တက်ရမည်ဖြစ်သောကြောင့် bra က ကိုင်းကြိုးအသေးလေးနှင့် sport bra မို့ သူမက အံ့ဩသွားရေသးသည်။
ဒီလူ...။
ကြည့်စမ်း...အကုန်ကိုသိနေတာ။
မိန်းမတွေနဲ့ ဘယ်လောက်တောင်ပတ်သက်ခဲ့လဲဆိုတာ တွေးကြည့်နေစရာတောင်မလိုဘူး...။
အမြင်ကတ်လိုက်တာ...။
အလကားလူ။
စောစောစီးစီး အမြင်ကတ်သွားမိသည့်စိတ်ဖြင့် သူ့လက်ထဲကအဝတ်တွေကိုယူကာ ရေချိုးခန်းထဲပြန်ဝင်၍ လဲလိုက်ပြီးနောက် ပြန်ထွက်လာချိန်တွင် သူဝတ်ထားသလို လက်နှစ်ဖက္မှာ အဖြူစင်းလေးပါသည့် ဟူဒီအနက်ရောင်လေးကို ထပ်ဝတ်ပေးရင်း
"မျက်နှာက ဘာလိမ်းဦးမှာလဲ...။နေပူမှာဆိုတော့ တစ်ခုခုလိမ်းဦးလေ..."
ВЫ ЧИТАЕТЕ
You are the only Exception!
Любовные романыအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
