"အလုပ်တွေ ရှုပ်နေလားဟင်..."
နောက်ကနေ သူ့လည်ပင်းကိုသိုင်းဖက်လာပြီး နားထင်ကိုတစ်ချက်နမ်းရင်း မေးလာသောသူမလေးကြောင့် လှိုက်ခနဲခုန်သွားရသောရင်အစံုနှင့် အားရပါးရပြုံးမိသွားသောသူက ဖက်ထားသည့်လက်လေးကိုပြန်လည်ဆုပ်ကိုင်ကာ
"အွန်း ခဏနေ Meeting ရှိတယ်...။ညလယ်လောက်ထိရောက်လိမ့်မယ်...။သဲလေး အိပ်နှင့်နော်...၊ကိုယ့်ကိုမစောင့်နဲ့"
"ဟွန် အဲ့ဒါဆို ဒီနေ့လဲ အိပ်ရေးပျက်ဦးတော့မှာပေါ့..။ဘာသောက်ချင်လဲဟင်..၊တစ်ခုခုေလးသောက်ပါဦးလား...။ညဘက်ဆိုတော့ ကော်ဖီတော့မသောက်စေချင်ဘူး...။နို့ကျလဲ ကိုကမကြိုက်ဘူး...။ Tea သောက္မလား...၊ဟိုတစ်ခါ ဧည့်သည်တွေလာတုန်းက လက်ဆောင်ပေးထားတာတော့ရှိတယ်..."
"အွန်း သဲသောက်စေချင်ရင် သောက္မယ်လေ လုပ်ပေး..."
"အနံ့ပါတာတွေကြိုက်လား...။မကြိုက်ရင် ပန်းနံ့ပါတာတွေဖျော်မပေးတော့ဘူး...။ဘာလီလက်ဖက်ရည်ပဲလုပ်ပေးမယ်..."
"သဲသဘော...။ကိုယ်က သဲလုပ်ပေးတာဆို ဘာပဲဖြစ်ဖြစ် အကုန်ကြိုက်တယ်..."
"ဟုတ် အာ့ဆို အခုလုပ်ပေးမယ်နော်...၊သုံးမိနစ်ပဲစောင့်.."
ထိုကဲ့သို့ ကျေနပ်စွာပြောပြီးသည်နှင့် သူ့ခေါင်းကိုဆတ်ခနဲနမ်းကာ ဝမ်းသာအားရပြေးထွက်သွားသည့် သူမလေးကိုကြည့်ပြီး သူက ကြည်နူးပီတိတွေ ဖြာနေရပေသည်။ချစ်ပါသည် ဟုပြောပြီးကတည်းက သူ့အပေါ်မှာ အရိပ်တကြည့်ကြည့်ဖြင့် ဘာမဆိုလုပ်ကိုင်ပေးချင်နေသောသူမသည် အခုမှချစ်တတ်ကာစ အချစ်ရူးလေးဆိုသည်မှာ တစ်ချက်ကြည့်ရုံနှင့်ပင် သိသာနေပြီ။ချစ်မဲ့ချစ်တော့လည်း အသားကုန်ချစ်တတ်လေသောသူမက ချစ်နိုင်လွန်းသည့်နေရာမှာတော့ အခုတလောမှာ သူ့ထက်တောင် သာချင်နေသည်။
မိုးလင်းကတည်းက သူ့မျက်နှာကိုသာ အရိပ်တကြည့်ကြည့်ရှိကာ ညအိပ်ရာဝင်သည်အထိ ထိုနည်းလည်းကောင်း။အခုဆိုလျှင် သူ့ရုံးခန်းက ဟိုတယ်ဘက္မှာအတည်တကျဖြစ်သွားပြီမို့ အတူတူသွားကာရုံးတက်ကြရသော်လည်း ရုံးခန်းကသက်သက်စီဖြစ်သောကြောင့် အချိန်ရှိသရွေ့ ကပ်နိုင်သမျှကပ်နေချင်သောသူမသည် ထမင်းစားချိန်တိုင်းမှာ သူ့ဆီသို့အတိအကျရောက်လာတတ်ပြီး မပျက္မကွက်ပင် အတူတူစားလေ့ရှိသည်။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...