အိပ်ရာကနေနိုးလာချိန်မှာ နွေးထွေးနေသောခံစားမှုကြောင့် မျက်လုံးဖွင့်ကြည့်လိုက်လျှင် သူ့ရင်ခွင်ထဲသို့ တစ်ကိုယ်လုံးရောက်ကာ အိပ်နေမိသည်ကို တွေ့လိုက်ရသည်။သူ့ရင်ဘတ်ကိုအတင်းကပ်ပြီး မှီအိပ်ထားသလိုဖြစ်နေသောကိုယ့်ပုံစံကြောင့် သူမက စိတ်ပျက်သွားမိရရင်း ဖက်ထားသည့်လက်တွေကြားကနေ ချက်ချင်းပင် ရုန်းထွက်လိုက္မိသည်။သို့သော် တစ်ချက်လှုပ်လိုက်သည်နှင့် ထွေးဖက်ထားသည့်လက်တွေက ပိုမိုတင်းကျပ်သွားကာ သူမ၏ခေါင်းကိုဖိကပ်နမ်းရှိုက်လာရင်း
"မထသေးနဲ့ဦးလေ...။ခဏလောက်ဆက်အိပ်ပါဦး..."
ထိုကဲ့သို့ အိပ်ရာနိုးကာစ သူ့ရဲ့တိုးဖွဖွစကားသံကို ယားကျိကျိဖြစ်သွားရသောစိတ်ကြောင့် သူမက မခံစားနိုင်စွာဖြင့် ချက်ချင်းထရန် ပြင်လိုက်တော့သည်။
"ထတော့မယ် ရှင်ဖယ်ပေး..."
ထိုအခါ သူက တင်းနေအောင်ဖက်ထားရာကနေ အနည်းငယ်ခွာ၍ သူမ၏မျက်နှာကိုငုံ့ကြည့်လာပြီးလျှင် မျက်နှာပေါ်မှဆံနွယ်လေးတွေအား အသာအယာသပ်တင်ပေးလာရင်း
"ဗိုက်ဆာလို့လား...။မနက်စာဘာစားချင်လဲ..."
နိုးနိုးချင်း ဘာစားမလဲမေးသည်မှာ ကျေနပ်စရာကောင်းပေမဲ့ သူမက လောလောဆယ် ပြောပလောက်အောင် မဆာသေးပါ။သို့သော် သူ့ဘေးမှာ ဆက်အိပ်မနေချင်တော့သည်မို့
"မသိဘူး လွယ်ကူတာတစ်ခုခုစားမယ်.."
သို့နှင့် သူ့ပုံစံက အစောတုန်းကလို အိပ်ချင်နေသည့်ပုံစံမျိုးမဟုတ်တော့ဘဲ သူမအား ကြည်လင်စွာကြည့်လာကာ ပါးလေးကိုခပ်ဖွဖွထိကိုင်၍
"လွယ်ကူတာမစားရပါဘူး...။ဟိုတယ်မှာပဲသွားစားကြမယ်...။ဘူဖေးဆိုတော့ စားချင်တာရွေးစားလေနော်..."
ပြောပြီးလျှင် ကုတင်ပေါ်ကနေထသွားသောသူက ph ယူပြီး ဟိုတယ်ဘက်ကိုဆက်နေပုံရသည်။ထို့ကြောင့် သူမသည်လည်း လဲရမည့်အဝတ်အစားတွေကို တစ်ခါတည်းယူကာ ရေချိုးခန်းထဲဝင်ခဲ့လိုက်ရင်း အကုန်ပြီးစီး၍ ပြန်ထွက်လာလိုက်လျှင် ကုတင်ပေါ်မှာ ph ကိုကြည့်ရင်း စောင့်နေသောသူ့အား တွေ့ရလေသည်။သူက ပြင်ဆင်ပြီးပြီဖြစ်သောသူမအား 'ခဏပဲနော်' ဟုပြောကာ ရေချိုးခန်းထဲသို့ ခပ်သွက်သွက်ပင်ဝင်သွားသည်။ထို့နောက် ပြီးစီးချိန်တွင် နှစ်ယောက်သား ဟိုတယ်ဘက်သို့ထွက်ခဲ့လိုက်ကြပြီး သူက ကားကိုပါကင်ထိုးပြီးသည်နှင့် သူမဘက်သို့လှည့်ကြည့်လာကာ
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...