အိပ်ရာထနောက်ကျသောသူ့ကြောင့် နံနက်စာကို အိမ်မှာမစားတော့ဘဲ ဟိုတယ်မှာပင် စားကြရန်ဆုံးဖြတ်၍ အချိန်အနည်းငယ်စောကာ ထွက်လာလိုက်ကြသည်။သို့နှင့် စားသောက်နေကြစဉ်မှာပင် အံ့မခန်းထင်ရောက်လာသောအခါ သူက မနေ့ကအရှိန်နှင့် အေးအေးဆေးဆေးသာရှိနေပြီး နံနက်စာစားပွဲဝိုင်းတွင် အတူရှိနေစဉ်တစ်လျှောက်လုံး အဆင်ပြေပြေဖြင့်သာ ရှိနေခဲ့ေလသည်။ထို့နောက် စားပြီးချိန်တွင် အံ့မခန်းထင်ကတော့ ဒီနေ့ တောင်ကြီးမှာရှိသည့် သူ့သူငယ်ချင်းဆီသို့သွားမည်ဖြစ်ကာ သူတို့နှစ်ယောက်ကတော့ ကိုယ့်အခန်းကိုယ်သွား၍ ကိုယ်စီအလုပ်လုပ်ကြရပေသည်။
ထိုသို့ဖြင့် နှစ်ယောက်သား နေ့လယ်စာအတူတူစားပြီးသည်အထိ အခြေအနေက အကောင်းပင္။နေ့လယ်ပိုင်းမှာ အံ့မခန်းထင်ပြန်ရောက်လာပြီး Trekking အဖွဲ့ကို ဟိုတယ်သို့လာခေါ်သော ကိုညီရောက်လာမှသာ ပြဿနာက စလေတော့သည်။
Lobby ကိုဆင်းပြီး ကိုညီနှင့်စကားကောင်းနေစဉ် အပြင်ကနေပြန်ရောက်လာသော အံ့မခန်းထင်က သူမကိုစကားလာပြောရင်း ကိုညီနှင့်လည်း မိတ်ဆက်ပေးလိုက္မိသောကြောင့် သုံးယောက်သား အတန်ကြာအောင် စကားစမြည်ပြောဖြစ်ကြသည်။ထို့နောက် ပြောကြဆိုကြရင်းနှင့် ကိုညီက အံ့မခန်းထင်ကိုပါ အရင်တစ်ခေါက်က သူမ လိုက်လည်ဖူးသောရွာသို့ အလည်ခေါ်လာပြန်ေလသည်။ထိုအခါတွင် လည်ချင်ရက်လက်တို့ဖြစ်နေသော အံ့မခန်းထင်က သူမကိုပါ အတူသွားဖို့ပြောကာ ဇွတ်လိုက်ချင်နေလျှင် သူမက ငြင်းလို့လည်းမကောင်းသည်ကြောင့် လိုက်ရမည်ဆိုသော်လည်း သူ့ကိုတွေးမိသွားချိန်မှာ အနည်းငယ်တော့ ကျောချမ်းသွားရသည်။အတူတူသွားဖို့ခေါ်ရအောင်လည်း မနေ့ကမှ အလုပ်များနေလျက်နှင့်လိုက်လာပြီး တစ်နေကုန်အချိန်ပေးလိုက်ရလေရာ ဒီနေ့ပါ ထပ်ပြီးသွားရမည်ဆိုပါက ရက်တွေဆက်ပြီး သူအလုပ်ပျက္မှာကို စိုးမိေလသည်။ပြီးလျှင် လည်ဖို့ပတ်ဖို့သက်သက်ကို သူမအတွက်နှင့် အလုပ်ပျက်ခံပြီး မလိုက်စေချင်။ထို့ကြောင့်ပင် အတန်တန်စဉ်းစားရင်းမှ နောက်ဆုံးတော့ မနန်းမိုကိုအပူကပ်ပြီး သူ့ကိုသွားမပြောဖို့ သေချာမှာကာ ကိုညီနှင့်အတူ ရွာသို့ထွက်ခဲ့လိုက်ကြတော့သည်။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...