Logic

19.2K 987 90
                                    

သူ့ရင်ဘတ်ပေါ်မှ နင့်ခနဲခံစားမှုနှင့်အတူ ပါးကို တဖတ်ဖတ်နှင့်လာရိုက်နေသော အထိအတွေ့ကြောင့် အိပ်နေရာကနေ နိုးလာခဲ့ရသည်။မျက်လုံးတွေကိုဖွင့်ကြည့်လိုက်လျှင် ရင်ဘတ်ပေါ်မှာ မှောက်လျက်သားရှိနေကာ သူ့ကို မျက်လုံးပြူးလေးနှင့်စိုက်ကြည့်နေသည့် နိုရာ။

"သမီးလေး....."

သူနိုးလာသည်ကိုတွေ့မှ ရွှေခေတ်က ကိုင်ထားသည့်လက်ကို လွှတ်ပေးလိုက်ရင်း

"အိပ်ပုပ်ကြီးတဲ့ နိုရာတောင်ထနေပြီ...။ဖေဖေက မထသေးဘူးလားလို့.."

ထိုအခါ သူက အသာရယ်မောမိရင်းမှ နိုရာကို သူ့မျက်နှာနားရောက်သည်အထိဆွဲပွေ့ကာ ပါးဖောင်းဖောင်းလေးအား အိခနဲနစ်ဝင်သွားအောင် အားရပါးရမွှေးကြူလိုက်သည်။

"ဖေဖေ့အိပ်ပုပ်လေးက ဘယ်အချိန်ကတည်းက နိုးနေတာလဲ ဟွန်.....။နို့ရော သောက်ပြီးပြီလား ပြောပါဦး..."

သူ့ဘက်က စကားစပြောလိုက်သည်နှင့် ချက်ချင်းမြူးတူးသွားလေသော နိုရာသည် ရင်ဘတ်ပေါ်မှာ ကိုးရိုးကားရားလုပ်ကာ ဝူးဝူးဝါးဝါးအသံတွေပါ ထွက်လာသည်။

"နို့သောက်ရုံတင် ဘယ်ဟုတ်မလဲ...။ရွှေဖရုံသီးနို့စွပ်ပြုတ်တွေတောင် တနင့်တပိုး စားပြီးသွားပြီ...။မမက သူကြိုက်တဲ့ဟာ လုပ်ပေးနေတယ်ဆိုတာ အာရုံရနေလို့လားမသိဘူး...။နေသန်နဲ့အတူတူ အစောကြီးနိုးနေလို့ ပြိုင်တူကျွေးထားရတယ်..."

"ကိုယ့်ရဲ့သားကရော..."

"စားပြီးတော့ မနန်းမိုခေါ်သွားတယ်လေ..."

"ဘယ်ခေါ်သွားတာလဲ..."

"ဘယ်ခေါ်သွားစရာရှိလို့လဲ.....။ဟိုတယ်ဘက်ကိုပေါ့.."

"ကိုယ်တောင်မတွေ့ရသေးတာကို သူက ဘာလို့ခေါ်သွားရတာလဲ...။အဲ့အပျိုကြီးကလဲ ခက်ပါတယ်...။ကလေးချစ်တတ်ရင်လဲ ကိုယ့်ဘာသာမွေးတာမဟုတ်ဘဲနဲ့ သူများသားသမီးတွေ ဇွတ်လိုက်ခေါ်နေတယ် ဒုက္ခပဲ..."

စကားအဆုံးမှာ သူမက စောစောစီးစီးဆိုပေမဲ့ သူ့လက္မောင်းကို ဖြန်းခနဲရိုက်ပစ်လိုက်ရင်း

"သူများက စေတနာနဲ့ခေါ်သွားပေးတာကို အဓိပ္ပါယ်မရှိတာတွေ ပြောပြန်ပြီ...။အဲ့လိုတွေ မနန်းမိုရှေ့မှာ သွားပြောမနေနဲ့ဦး...၊ဟိုက စိတ်ဆိုးသွားလိမ့်မယ်..."

You are the only Exception!Onde histórias criam vida. Descubra agora