Your Dream in Kalaw
ဖွင့်ပွဲနေ့မှာတော့ တက်ရောက်လာသည့် များပြားလှသောဧည့်သည်တွေကြားထဲမှာ သူရော သူမပါ အလုပ်များကြရသည်။အဓိကက သူ့ရဲ့ဧည့်သည်များပင်ဖြစ်ကာ နိုင်ငံရေးဘက္မှအကြီးအကဲများ၊စီးပွားဖက်လုပ်ငန်းရှင်များ၊သက်ဆိုင်ရာရှယ်ယာရှင်များနှင့် ဟိုတယ်အသိုင်းအဝိုင်း၏အကြီးအကဲများ စသဖြင့် အကုန်ရောက်လာကြလေရာ လာသမျှကို လက္မလည်နိုင်အောင် လိုက်လံနှုတ်ဆက်ပြီး ဧည့်ခံရင်းဖြင့်ပင် အချိန်ကုန်ကြရပေသည်။အချိန်တိုင်းမှာ အနားကနေတစ်ဖဝါးမခွာဘဲ သူမ၏လက်ကိုဆွဲရင်း မိတ်ဆက်ပေးနေသောသူဟာ အခုမှကျောင်းစတက္မည့်ကလေးအား ကျောင်းလိုက်ပို့ပေးသည့်အဖေကြီးကဲ့သို့ အစစအရာရာဂရုစိုက်စွာနှင့် ရိုကျိုးရမည့်နေရာရိုကျိုးကာ မာန်ပါသင့်သည့်နေရာမာန်ပါသည်။ထိုအခါ သူနှင့်ထပ်တူ သူမကိုပါ အကုန်လုံးက တလေးတစားနှင့် ဆက်ဆံကြသည်ကိုကြည့်၍ မလောက်လေးမလောက်စားသူမမှာ ကြာတော့ အနေတောင်ခက်လာရသည်အထိပင် အသိအမှတ်ပြုကာ ဂုဏ်ပြုပေးကြသည်။
ပွဲစကတည်းက တစ်ချက္မှမနားရသေးဘဲ ရောက်လာသမျှလူအကုန်လုံးမှာ သူမအနေနှင့် မဖြစ်မနေရင်းနှီးရမည့်လူများသာဖြစ်နေသည်မို့ ကျန်ခဲ့ရသည်မဖြစ်ရအောင် ဂရုတစိုက်ဖြင့် သေချာဧည့်ဝတ်ပြုကြရသည်။ထိုသို့ဖြင့် နှစ်ယောက်သား ဟိုတယ်နှင့်ခရီးသွားလာရေးဘက်က အကြီးအကဲတစ်ယောက်နှင့် စကားပြောပြီး နှုတ်ဆက်ကာ ပြန်ထွက်လာချိန်တွင်
"မတွေ့ရတာကြာပြီနော် ရှိုင်း..."
ချွဲချွဲပျစ်ပျစ်နှင့် ချေချေမိုးမိုးရှိလှသောအသံကြောင့် သူ့လက်ကိုဆွဲထားရင်းမှ မော့ကြည့်လိုက်လျှင် လက်ထဲမှာဝိုင်ခွက်ကိုကိုင်ထားရင်း မထီတရီပြုံးပြနေသည့် ကြက်သွေးရောင်တောက်တောက်ဝတ်စုံနှင့် အသံပိုင်ရှင်မိန်းမအား တွေ့လိုက်ရသည်။အသားတွေကဆွတ်ဆွတ်ဖြူကာ အရပ်က ငါးပေခုနစ်လက္မလောက်အထိမြင့်နိုင်သော ထိုမိန်းမသည် နှစ်လက္မဒေါက်ကိုစီးထားသေးသည်ကြောင့် မိန်းကလေးတန်မဲ့ မိုးထိုးနေသည်။ဝတ်ထားသည့်ဝတ်စုံဒီဇိုင်းမှာ ပေါင်လယ်လောက်ရှိသော ကိုယ်ကျပ်ဒီဇိုင်းဖြစ်၍ ရင်ပြတ်ကိုမှ လည်ပင်းကိုကြိုးသိုင်းထားသောပုံစံ။ရွှေခေတ်ကတော့ ဒီနေ့ ရှပ်အဖြူအောက်ခံမှာ အနက်ရောင်ဝတ်စုံပြည့်ဝတ်ဆင်ထားသော သူနှင့်ဆင်တူဖြစ်အောင် အောက်က ပေါင်လယ်လောက်ရှိသည့် အဖြူရောင်ရင်ပြတ်ပိုးသား Dress လေးအား အပေါ်ကနေ Dress ထက်အနည်းငယ်သာရှည်သည့် ကုတ်အရှည်အနက်ရောင်ထပ်၍ အထက်တန်းကျကျဝတ်ထားသည်မို့ ရိုးရိုးရှင်းရှင်း စမတ်ကျကျပုံစံမျိုးသာဖြစ်သည်။ထို့ကြောင့် နှစ်ယောက်ယှဉ်လိုက်လျှင် ဒီပွဲ၏အဓိကတာဝန်ရှိသူလိုလို ထင်မှတ်စေလောက်သည့်ပုံစံမျိုးဖြင့် ထိုမိန်းမသည် အခြေကြီးကြီးမျက်နှာပေါက္မှာ မျက်လုံးမျက်ဖန်ကောင်းလှသော်လည်း မဝိုင်းဘဲရှည်နေသည့် မျက်လုံးပုံစံတွေအရ မဖော်ရွေသောမျက်နှာအသွင်အပြင်ပုံစံကို ပေါက်ေနစေသည်။ပြီးလျှင် နက္မှောင်ဖြောင့်စင်းနေသောဆံပင်တွေက ခါးလယ်လောက်ရှိကာ ဒီအတိုင်းဖြန့်ချထားသောကြောင့် အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နှင့် ဆွဲဆောင်မှုရှိလှပေမဲ့ မြင်နေရသောပုံစံက သိပ်တော့အချိုးမပြေ။ထိုသို့ဖြင့် သူမက တစ်ခဏလေးအတွင်းမှာပဲ ထိုမိန်းမအား သေချာအကဲခတ်ပြီးသွားချိန်တွင် ဘေးနားကသူ့ဆီမှ အသံထွက်လာသည်။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...