Chapters

17.5K 937 73
                                    

"ဟာ...သမီးက ကိုယ့်ဘာသာလျှောက်ရမှာလေ...။ဘာလို့ ဖေဖေ့ခြေထောက်ပေါ် ပဲ တက်ဖို့လုပ်နေတာလဲ...။နိုရာ Don't do that.."

"ခစ် ခစ်..."

ပြောပြီး လက်နှစ်ဖက်ကိုထိန်းကိုင်ကာ လမ်းလျှောက်ခိုင်းနေသော်လည်း နိုရာက ထုံးစံအတိုင်း သူ့ခြေထောက်ပေါ်တက်လာပြန်သည်။

သူ့ခြေထောက်အပေါ်သို့ နိုရာ့ခြေထောက်ကလေးတွေထပ်တင်ကာ လမ်းလျှောက်ပေးခြင်းကို လမ်းလျှောက်သင်ပေးသည့်အချိန်တွင် အဆန်းထွင်လိုက္မိသည်။ဒါကို သူ့သမီးက သူ့ကိုယ်သူ စက်ရုပ်ကြီးတစ်ရုပ်အပေါ် လိုက်စီးနေရသကဲ့သို့ အရသာတွေ့နေသောကြောင့် အခုတော့ အားအားရှိ သူ့ခြေထောက်ပေါ်ထပ်တင်ဖို့ကိုသာ အားထုတ်လာလေတော့သည်။သူက ကိုယ်တိုင်လျှောက်စေချင်၍ အတက္မခံဘဲရှောင်ဖယ်လျှင် နိုရာက သူ့ခြေထောက်ကို မိအောင်လိုက်နင်းသည်။ထိုကဲ့သို့ နိုရာကလိုက်နင်းလေ သူက နောက်ကိုဆုတ်လေဖြင့် စိန်ပြေးလိုက်တမ်းကစားသလိုဖြစ်ကာ ခဏလောက်နေလျှင် ဆော့ကစားသည့်ဘက်ကို ရောက်သွားပေဦးမည်။

ရွှေခေတ်နှင့်နေသန်က စာကြည့်တိုက်ကိုသွားကာ စာဖတ်နေကြချိန်တွင် သူနှင့်နိုရာက အိမ်မှာနှစ်ယောက်တည်း လမ်းလျှောက်ကျင့်နေကြခြင်းဖြစ်သည်။ထင်းရှူးတောကိုမြင်နေရသည့် အပေါ်ဆုံးထပ်ကဝရန်တာကို သိပ်ကြိုက်ကြသောကလေးနှစ်ယောက်က ဒီအပေါ်ရောက်လေတိုင်း ပျော်ရွှင်မြူးထူးတတ်ကြသည်။အခုလည်း သူတို့အမေမရှိတုန်းကို အခွင့်ကောင်းယူကာ သမီးနှင့်အတူ အပေါ်ဆုံးထပ်သို့ရောက်နေကြခြင်းဖြစ်သည်။အရင်တစ်ခေါက် နေသန်ဖျားပြီးကတည်းက ဆိုက်ကိုဖောက်သွားသော ကလေးတွေအမေသည် အအေးပတ်စေမည့်ကိစ္စမှန်သမျှ လုံးဝရှောင်ရှားလေ့ရှိသည်ကြောင့် တားမြစ်ထားသောအရာများထဲတွင် လေစိမ်းတွေတဖြူးဖြူးတိုက်နေသည့် ဝရန်တာလည်းပါလေသည်။

သားသမီးကိုပျိုးထောင်ကြသည့်နေရာတွင် သူနှင့်ရွှေခေတ်သည် တချို့နေရာတွေမှာ တစ်ယောက်တစ်မျိုးစီ အယူသည်းတတ်ကြသော်လည်း တစ်ယောက်တစ်လှည့်ပင် သူ့လိုအပ်ချက်၊ကိုယ့်လိုအပ်ချက် ဖြည့်ဆည်းကာ ထိန်းညှိသွားကြရစမြဲပင်။သူ့ဘက်က မလိုအပ်ဘဲတင်းကျပ်ထားသည့်နေရာတွေကို ရွှေခေတ်က မသိမသာလျှော့ပေးကာ သူမဘက်က မလိုအပ်ဘဲစိုးရိမ်နေသောအရာတွေကိုလည်း သူ့ဘက်က ပြန်လည်ဖြေလျှော့ပေးရလေသည်။သို့နှင့်ပင် ကလေးတွေကပဲ ငယ်သေး၍လားတော့မသိ။အခုထက်ထိတော့ သားသမီးကိစ္စနှင့်ပတ်သက်၍ သူတို့နှစ်ယောက်ကြားမှာ ကြီးကြီးကျယ်ကျယ် အငြင်းပွားစကားများစရာ အကြောင်းကိစ္စတစ်စုံတစ်ရာ မရှိသေးချေ။အစစအရာရာ ချိန်ညှိထိန်းကျောင်းသွားရင်းနှင့်ပင် နှစ်ယောက်သား မိဘနေရာရောက်လာသည်မှာ တစ်နှစ်ပတ်လည်ပြည့်မြောက်ပေတော့မည်။

You are the only Exception!Onde histórias criam vida. Descubra agora