နံနက်အိပ်ရာမှနိုးလျှင် ရွှေခေတ်သည် သူ့ရင်ခွင်ထဲမှာမဟုတ်ဘဲ နိုးလာရသောကြောင့် မျက်လုံးတွေက အလိုလိုပင်ပြူးကျယ်သွားရသည်။ဘေးမှာလည်း အိပ်နေသည်ကိုမတွေ့ရလျှင် ချက်ချင်းပဲထလိုက္မိရင်းမှ ကုတင်ပေါ်ကနေဆင်းပြီး ရေချိုးခန်းထဲဝင်ကြည့်တော့လည်း သူကရှိမနေ။ထို့နောက် အပေါ်ထပ်တစ်ခုလုံးဟိုဒီလှည့်ပတ်ရှာရင်း မတွေ့ရသောကြောင့် အောက်ထပ်ဆင်းကြည့်လိုက်ပြီး မီးဖိုခန်းထဲရောက္မှပင် ချက်ပြုတ်ပြင်ဆင်နေသောသူ့အား တွေ့လိုက်ရသည်။သို့နှင့်ပင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက္မိပြီးမှ သူ့အနားကိုသွားကာ နောက်ကနေသိုင်းဖက်လိုက်လျှင်
"နိုးလာပြီလား...။စောသေးတယ် နည်းနည်းဆက်အိပ်ပါဦး..."
"ဟင့်အင်း မအိပ်ချင်တော့ဘူး...။ကိုကရော ဘာလို့ အစောကြီးထပြီးတော့ ချက်ပြုတ်နေတာလဲ..."
သူက ဘာမှပြန်မပြောဘဲ လုပ်လက်စကိုသာ ဆက်လုပ်နေလျှင် သူမကလည်း နောက်ကနေသိုင်းဖက်ထားရင်းမှ ရှေ့သို့ခေါင်းလေးစောင်းကာ သူ့ကိုကြည့်လိုက်သည်။ထိုအခါ မျက်နှာက အနည်းငယ်ရှုတည်တည်ဖြစ်နေသည်မို့ မျက်ခုံးတစ်ချက်ပင့်သွားမိရင်း နောက်ကနေသိုင်းဖက်ထားရာမှ သူ့လက္မောင်းအောက်ကနေလျှိုဝင်၍ ရင်ခွင်ထဲသို့တိုးဝင်လိုက်သည်။ထို့နောက် မျက်နှာချင်းဆိုင်ကနေ ခါးကိုသိုင်းဖက်ထားရင်း သူ့မျက်နှာကိုမော့ကြည့်လိုက်ချိန်တွင် နဖူးထက်သို့ ညင်သာစွာကျရောက်လာသော အနမ်းတစ်ပွင့်ကြောင့် အနည်းငယ်တော့ စိတ်အေးသွားရလေသည်။
ဒီလောက်ဆို သိပ်တော့အခြေအနေမဆိုး...။
"ဟွန်....ဘာလို့ အစောကြီးထပြီးတော့ ချက်ပြုတ်နေတာလဲလို့.."
ထိုအခါ ရင်ခွင်ထဲမှသူမကို သူကငုံ့ကြည့်လိုက်ရင်း လက်ကိုအရင်ဆေးကာ ပြောင်စင်အောင်သုတ်ပြီးမှ ပြန်လည်ထွေးပွေ့လိုက်ပြီးလျှင် ခေါင်းလေးကိုဖွဖွနမ်း၍
"ဟိုကောင်နဲ့ Breakfast အတူတူမစားစေချင်လို့"
ထိုကဲ့သို့ ခပ်ဆတ်ဆတ်ပြန်ဖြေလိုက်သောသူ့အဖြေကြောင့် သူမက သဘောကျစွာရယ်လိုက္မိရင်း သူ့ခါးကို ပိုမိုတင်းကျပ်နေအောင် ဖက်ထားလိုက်ပြီးမှ မေးဖျားကိုမော့နမ်း၍ ရယ်ဟဟလေးပြောမိသည်။
ВЫ ЧИТАЕТЕ
You are the only Exception!
Любовные романыအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
