???? Eco Camping by Your Dream ????

32K 1K 98
                                        

"ခြောက်နာရီတောင်ခွဲတော့မယ်...၊ဖယ်လိုက်တော့..။ဒီအတိုင်းဆို ဘယ်ချိန်မှအိပ်ရမှာလဲ..."

"အဟွန်း..တစ်နေကုန်အိပ်လို့ရတယ်လေ သဲရဲ့။လာ..ကိုယ် ရေချိုးပေးမယ်...၊ပြီးရင် တောက်လျှောက်အိပ်တော့ နော်..."

ထို့နောက် ရေချိုးပြီးသွားလျှင် တစ်ညလုံးမအိပ်ရ၍ ဒေါသတွေထွက်နေသောသူမကို သူက ချော့မော့သိပ်ကာ သူမလေးအိပ်ပျော်သွားချိန်တွင် သူသည်လည်း ချက်ချင်းအိပ်ချင်လာသောကြောင့် အတူတူအိပ်လိုက်‌တော့‌ေလသည်။

ထိုသို့ဖြင့် သူပြန်နိုးလာချိန်မှာ နေ့လယ်စာစားချိန်ပင်ရောက်နေပြီဖြစ်ပြီး နာရီကိုကြည့်လိုက်တော့ ဆယ့်တစ်နာရီခွဲနေပြီ။

မနေ့ညက သောင်းကျန်းထားသောသူ့ကြောင့် နိုးလာသည်နှင့် သူမက ဂျီကျတော့မည်ကိုကြိုသိနေရလျှင် သူမ ကြိုက်တတ်‌ေလသည့်နေ့လယ်စာကို ချက်ထားပြီးချော့မော့ရန်အတွက် သူ့မှာ အရင်စဉ်းစားရသည်။အခုထက်ထိ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသေးသည့် ရင်ခွင်ထဲကမျက်နှာလေးကို ကြည့်လိုက္မိလျှင် မနေ့ညက ဘုမသိဘမသိဖြင့် သူ့ကိုဆွဲဆောင်ခဲ့သည့်အချိန်ကို ပြန်မြင်ယောင်မိကာ သဘောတကျဖြင့် ရယ်ချင်သွားရလေသည်။တစ်ခါတလေမှာ သူမက သူနှင့်ပတ်သက်လျှင် ကမူးရှူးထိုးဆန်ကာ ထင်ချင်ရာထင်ပြီး လုပ်ချင်ရာလုပ်တတ်သည်။သူမ၏အထင်နှင့် သူဖြစ်နေသည်က တခြားစီဖြစ်ကာ အတွေးများပြီး ဆိုက်ကိုတွေဖောက်တတ်သည့်တိုင်အောင် နှစ်ဦးကြားမှာ ပြဿနာဖြစ်မည့်လမ်းကို ဦးတည်မသွားဘဲ အမြဲတမ်း ချစ်စရာကောင်းစွာဖြင့်သာ အဆုံးသတ်လေ့ရှိသည်ကတော့ သူမ၏ ဆွဲဆောင်မှုအရှိဆုံးသော မွေးရာပါဉာဉ်ကောင်းလေးသာ ဖြစ်ပေလိမ့်မည်။ထို့ကြောင့် သူကတော့ သူမ ဒီလိုတွေလုပ်တတ်သည်ကို ကိစ္စမရှိပေ။ပြောရလျှင် ထိုကဲ့သို့ဇွတ်တရွတ်ဖြစ်လေ ကြိုက်လေသာပင်။

သူသည် မနေ့ညကအခိုက်အတန့်တွေကိုပြန်တွေးနေရင်း ကျေနပ်အားရစွာပြုံး‌ေနမိရင်းမှ မနေနိုင်တော့လျှင် သူ့ရင်ဘတ်ကိုကပ်အိပ်နေသည့် တစ်ခြမ်းပေါ်နေသောပါးလေးတစ်ဖက်အား နစ်ဝင်သွားသည်အထိ ဖိကပ်နမ်းပစ်လိုက်သည်။ထိုအခါ အူယားသည့်စိတ်နှင့် အားပါသွားသည်ကြောင့် နိုးသွားပုံရသောသူမသည် အိပ်ကောင်းနေသည်ကို နှိုးလိုက်သလိုဖြစ်သွားလျှင် အတင်းလုပ်သောသူ့အား စိတ်တိုသွားပုံရသည်။ချက်ချင်းပဲ သူ့မျက်နှာကိုတွန်းပစ်ကာ ရင်ဘတ်ကိုကပ်ထားရာမှခွာလိုက်ရင်း

You are the only Exception!Место, где живут истории. Откройте их для себя