သူနေသောနေရာသည် ရုံးနှင့်နီးသည့်နေရာတွင်ရှိသောကြောင့် ကွန်ဒိုဘေးပတ်ပတ်လည်မှာ Shopping Centre များ၊နာမည်ကြီး Brand ဆိုင်များက တကူးတကသွားစရာမလိုအောင် နီးနီးကပ်ကပ်ရှိနေလေသည်။မြေအောက်ကားပါကင်ကနေ နှစ်ဆယ့်လေးထပ်မှာရှိသော သူ့အခန်းရှိရာကို ဓာတ်လှေကားနှင့်တက်ခဲ့လိုက်ကြရင်း လက်ထဲမှာ အထုပ်ပေါင်းများစွာကိုင်ထားရသောသူ့အား သူမက ကူမကိုင်ပေးရ၍ တစ်လျှောက်လုံးပွစိပွစိပြောလာရင်းမှ အခုထက်ထိတိုင်အောင်လက္မလျှော့သေးဘဲ အထုပ်တွေကိုလိုက်ဆွဲကာ
"ကို ပေးပါဆိုနေမှ..၊ကူကိုင်ပေးမယ်လို့"
"ဒီကထွက်ရင်ကူကိုင်ပေး...၊နော်.."
"အဲ့လို ရှေ့နားရောက်ရင် ဟိုနားရောက်ရင်နဲ့ပြောလာတာ အိမ်တောင်ရောက်တော့မယ်...။ဘာမှန်းလဲမသိဘူး..."
ပြောနေစဉ်မှာပင် ဓာတ်လှေကားကပွင့်သွားပြီဖြစ်၍ အပြင်ကိုထွက်လာလိုက်ကြရင်းမှ အနည်းငယ်လျှောက်သွားလိုက်သည်ဆိုလျှင်ပဲ သူ့အခန်းရှေ့သို့ရောက်သွားရပြီဖြစ်သည်။အခန်းတံခါးကိုဖွင့်ပြီး ဖိနပ်လဲကာ အိမ်ထဲဝင်လိုက်တော့မှပင် လက်ထဲကအထုပ်တွေကို သူမဆီသို့အနည်းငယ်ခွဲ၍ကမ်းပေးလာရင်း
"သဲ ကူကိုင်ပေးချင်တာဆို...၊ရော့ ဒါလေးတွေသယ်ပေးပါဦး..."
ထိုသို့ဖြင့် အိမ်ပြန်ရောက္မှ စိတ်ကျေနပ်အောင် သဘောလောက်လာကူခိုင်းနေသောသူ့အား သူမက မျက်စောင်းတစ်ချက်ထိုး၍
"အိမ်ထဲရောက္မှ ဘာကိုကူကိုင်နေရဦးမှာလဲ...။အစောတုန်းက ပေးပါ ပေးပါလို့ အာပေါက္မတတ်ပြောနေတော့ကျ မပေးဘဲနဲ့"
"အဓိကက ကိုယ့်ကိုကူပြီးတော့ ကိုင်ပေးချင်တာမို့လား...။အခုကူရပြီလေ သဲရယ်...၊ကျေနပ်တော့နော်..."
ပြောပြီး ဧည့်ခန်းကဆိုဖာမှာ အထုပ်တွေကိုခဏချလိုက်ကာ သူမ၏ခေါင်းလေးကို ချစ်စနိုးဖြင့်တစ်ချက်လှမ်းပုတ်၍ သူက မီးဖိုခန်းထဲအရင်ဝင်လာခဲ့သည်။ထို့နောက် ရေခဲသေတ္တာနှင့်ဗီရိုတွေကိုဖွင့်ကြည့်လိုက်လျှင် မှာထားသည့်အတိုင်း လိုအပ်တာမှန်သမျှ အကုန်ဖြည့်ပေးထားသည်ကိုတွေ့ရသည်မို့ စိတ်တိုင်းကျသွားရရင်း အကုန်လိုက်ကြည့်ပြီးသည့်နောက္မှာတော့ သူမအတွက်ကို လိမ္မော်ရည်တစ်ခွက်ထည့်ပေးကာ ပြန်ထွက်လာခဲ့လိုက်သည်။
ESTÁS LEYENDO
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...