နံနက်ရောက်လျှင် သူက ယောက္ခမအိမ်ဆိုသောအသိဖြင့် စောစောနိုးနေသော်လည်း ကိုယ့်အိမ်ကိုယ်ရာပြန်ရောက်နေသော သူမလေးကတော့ စိတ်အေးလက်အေးနှင့် အိပ်လို့ကောင်းနေဆဲပင်။နာရီကိုကြည့်လိုက်တော့ ခြောက်နာရီခွဲသာရှိသေးသည်မို့ သူကမနှိုးသေးဘဲ အိပ်ပျော်နေသောမျက်နှာလေးအား အသာငြိမ်ပြီးကြည့်နေလိုက်သည်။
ခဏလောက်အကြာမှာ နိုးလာပြီဖြစ်သောသူမက မျက်လုံးဖွင့်လိုက်သည်နှင့် လက်တွေကအရင်သိုင်းဖက်လာရင်း သူမကိုကြည့်နေသောသူ့အား အိပ်ချင်မူးတူးနှင့်မှုန်ဝါးဝါးပြန်ကြည့်လာကာ
"အစောကြီးနိုးနေတာလား...။ဘာလို့လဲ အိပ်ရာအပြောင်းအလဲမို့ အိပ်မပျော်လို့လား..."
သူက သူမ၏နဖူးလေးကို ခပ်ဖွဖွတစ်ချက်နမ်းလိုက်ရင်း
"ကိုယ်က သဲရှိနေရင် ဘယ်နေရာမှာမဆို အိပ်လို့ပျော်တယ်..."
သူ့စကားကို သဘောကျသွားသောမျက်နှာလေးက ချက်ချင်းပင်ပြုံးသွားပြီးမှ
"အဟွန်း မရှိခင်ကကျတော့ မအိပ်ဘဲနေတာကျနေတာပဲ အပိုတွေ..."
ထိုသို့သာပြောနေသော်လည်း သူမက ပြောပြီးသည်နှင့် သူ့နှုတ်ခမ်းကိုဖွဖွလေးနမ်းလာသည်။
"Morning kiss..."
သူက ကြည်နူးစွာပြုံးမိကာ အသာအယာလေးပြန်နမ်းလိုက်ရင်း
"Morning မှာပေးလို့ရတာက kiss တစ်ခုပဲမဟုတ်ဘူးဆိုတာကိုရော သိလား..."
သူမက ဆတ်ခနဲမျက်စောင်းထိုး၍
"မသိပါဘူး သိလဲမသိချင်ဘူး..."
"မသိချင်လဲ သိအောင်ပြောပြရမှာပဲ..."
"တော်ပြီ မပြောနဲ့တော့ ထတော့မှာ...။အမေက မနက်စာကောင်းကောင်းလုပ်ပေးထားမှာ သေချာတယ်...။ကိုလဲထတော့"
သူမက ပြောနေရင်းထထိုင်ကာ သူ့ကိုပါဆွဲထူရင်း ကုတင်ပေါ်မှဆင်းလိုက်တော့သည်။ထို့နောက် ရေမိုးချိုးကာပြင်ဆင်ပြီးသည်နှင့် နှစ်ယောက်သား အောက်ထပ်ကိုဆင်းလာလိုက်လျှင် မီးဖိုခန်းထဲမှာပြင်ဆင်နေသောအမေက ထမင်းစားခန်းထဲသို့ရောက်လာပြီး သူမတို့ကိုကြည့်၍
VOCÊ ESTÁ LENDO
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...