Practice

19K 990 97
                                    

နံနက်ကို လေးနာရီမထိုးခင် နာရီဝက်လောက်အလိုတွင် သူက နှိုးလာခဲ့သည်။ထိုအခါ သူမက ဘုရားသွားရမည်မို့ အိယောင်ဝါးလုပ်မနေတော့ဘဲ အသာတကြည်ထကာ အာရုံအမီသွားရန်အတွက်ကို ခပ်သွက်သွက်ပင် ပြင်ဆင်လိုက်တော့သည်။သို့နှင့် ကလောအိမ်သို့ ယူမသွားဖြစ်သည့် သူမ၏ဗီရိုထဲမှ အဝတ်အစားတွေကို တစ်ချက်ကြည့်လိုက္မိလျှင် မြန်မာဝတ်စုံတွေထားသည့်အကန့်မှာ တခြားအဝတ်များနှင့်အတူထပ်တင်မထားဘဲ ရှေ့သို့သက်သက်ထွက်နေသည့် ဘူးတစ်ဘူးအားတွေ့လိုက်ရသည်။ထို့ကြောင့် ဘူးကိုဖွင့်ကြည့်လိုက်သောအခါတွင် စုံတွဲဝတ်၍ရစေရန် တစ်ခါတည်းတွဲပေးထားသည့် အမျိုးသားဝတ်ပုဆိုးနှင့်ရှပ်အပြင် အမျိုးသမီးဝတ်ဝမ်းဆက်တို့အား တွေ့ရလေသည်။

သူမက ဘူးထဲကနေဆွဲထုတ်ကာ သေချာဖြန့်ကြည့်လိုက်လျှင် နှစ်စုံလုံးက အဆင်သင့်ဝတ်၍ရစေရန် ချုပ်ထားပြီးသားပင်ဖြစ်သည်။ကြည့်ရသည်မှာ မေမေ ဒါမှမဟုတ် သူမ၏ယောင်းမက သူတို့အတွက်ဝယ်ရင်းနှင့် ကြုံကြိုက်တုန်းကို တစ်ခါတည်း သူမတို့အတွက်ပါ ဝယ်ပေးထားခြင်းဖြစ်လိမ့်မည်။အနက်ရောင်နှင့်နီညိုရောင်ကို လိုက်ဖက်ညီညီ တွဲစပ်ပေးထားသော Ready to wear ဝတ်စုံတွေက အရောင်စပ်ပုံအဆင်ပြေသည်ကြောင့် သူမက သဘောကျစွာနှင့်ပင် ဝတ်သွားရန်အတွက်ကို ရွေးချယ်လိုက်တော့သည်။

သူကတော့ ဝတ်နေကျအတိုင်း ရှပ်နှင့်ဘောင်းဘီကိုသာ ဝတ်ဖို့ပြင်နေသည်ကိုတွေ့ရလျှင် သူမက တစ်ချက်ကြည့်လိုက္မိရင်းမှ မဝတ်ရသေးခင် အမီလှမ်းပြောရသည်။

"ကို..ဒီနေ့ ဘောင်းဘီမဝတ်နဲ့တော့..။ဒီဝမ်းဆက်တွေ ဆင်တူဝတ်ကြရအောင်.."

ထိုအခါ သူက မျက်ခုံးတွေပင့်သွားလျက်ကနေ သူမကိုပြန်ကြည့်လာရင်း

"ထူးထူးဆန်းဆန်း ဆင်တူတွေဘာတွေဝတ်ဖို့ ပြောနေပါလား...။အဲ့ဒါတွေက ဘယ်တုန်းကဝယ်ထားတာလဲ..."

"မသိဘူး...၊ဒီထဲထည့်ပေးထားတာဆိုတော့ မေမေတို့ဝယ်ပြီး သိမ်းပေးထားတာနေမှာပေါ့..။ရော့ ဝတ်ကြည့်ပါဦး..."

ပြောပြီး သူမက ပုဆိုးနှင့်အင်္ကျီကို သူ့အားလှမ်းပေးရင်းမှ

You are the only Exception!Où les histoires vivent. Découvrez maintenant