"ကြည့်ပါဦး.....။မျက်နှာကျတွေရော မျက်လုံးမျက်ခုံးတွေရော သူ့အဖေနဲ့ တထေရာတည်းရယ်..."
"ဟုတ်ပ မမရယ်...။အငယ်လေးကလဲ သမီးငယ်ငယ်ကနဲ့ တစ်ပုံစံတည်းတူတယ်...။မျက်တောင်ကြီးတွေကဆို သူ့အမေထက်ကို ပိုရှည်သေးတာ..."
သီဟနှင့်ဝင့်ဝါသည် အမြွှာလေးတွေအား မြင်တွေ့ခွင့်ရနိုင်ရန်အတွက် ရှေ့ကနေစုပြုံကာ ဝမ်းသာအားရ အကဲဖြတ်နေကြသော လူကြီးသုံးယောက်ကို စိတ်ရှည်ရှည်နှင့်ပင် စောင့်နေရလေသည်။သို့သော် အချိန်ကြာမြင့်စွာ စောင့်ပါသော်ငြား တစ်စုံတစ်ရာအကျိုးကားမရှိ ဆိုသည့်အတိုင်း ဖြစ်နေသောကြောင့် ဝင့်ဝါက သီဟကိုလက်ကုတ်လိုက်ရင်း
"ဒီနေ့ ကလေးကြည့်လို့ ပြီးကြဦးမှာလားမသိဘူး..."
"အော်...ဟိုဘက်ကလဲ မြေးဦးဟာ...၊ဒီဘက်ကလဲ သမီးအငယ်ဆုံးကမွေးတဲ့ မြေးလေးတွေမို့လား....။ထားလိုက်ပါ...လူကြီးတွေကျေနပ်တဲ့အထိကြည့်ပြီးမှ သွားကြည့်ကြစို့..။ငါတို့က ဘယ်အချိန်ကြည့်ကြည့်ရတယ်..."
"ဒါနဲ့ တို့သားလေးရော ဟိုတယ်မှာ မေမေနဲ့ အဆင်ပြေရဲ့လားမသိဘူး...။ ph ဆက်ပြီးတော့ မေးကြည့်ရဦးမယ်..."
"ခုနကပဲ ကိုယ်ဆက်ပြီးပြီ...။နေ့လယ်ကတည်းကနေ အခုထိ အိပ်နေတုန်းတဲ့..။နိုးလာရင် ပြန်ဆက်ပေးမယ်လို့တော့ အမေကပြောတယ်..."
"အွန်း...အဲ့ဒါဆိုလဲပြီးရော...။ညနေပိုင်း ခဏလောက်ပြန်ပြီးမှ ဒီကိုထပ်လာရအောင်...။ဘယ်လိုပဲလူကြီးတွေရှိရှိ သူငယ်ချင်းရှိနေတာနဲ့က မတူဘူး...။ပြီးတော့ ရွှေခေတ်က နို့တိုက်ဖို့ကို ကြောင်တောင်တောင် ဖြစ်နေလောက်သေးတယ်..."
ဝင့်ဝါ၏ပြောစကားကို သီဟက ခေါင်းတစ်ချက်ညိတ်ပြ၍
"ဆေးရုံကဆင်းတဲ့အထိ စောင့်ပေးကြမယ်လေ...။ကိုယ်ရှိနေတော့ ကိုရှိုင်းသူရိန်လဲ အဖော်ရတာပေါ့..။တစ်ခုခု မလုပ်တတ်မကိုင်တတ်ဖြစ်နေရင်လဲ သူ့ကို ဆရာလုပ်လို့က ရသေးတယ်..."
"ဟုတ်တယ် လုပ်သာလုပ်..။ဒီအချိန်လေးပဲ ဆရာလုပ်လို့ရတာ...။ဒီအချိန်မှမလုပ် ဘယ်အချိန်လုပ်မလဲ..."
ပြောနေတုန်းမှာ ရွှေခေတ်အမေနှင့်ယောက္ခမက ကလေးတွေကို လာပြသည်ကြောင့် သူတို့က ကမန်းကတန်းထကာ ကြည့်လိုက်ကြသည်။မမွေးခင်က ဝင့်ဝါ စနေကျစကားအတိုင်းပင် သားပေါက်ချောသော ရွှေခေတ်က ကလေးတွေကို သူတို့လိုပဲ ကြည့်ကောင်းအောင် မွေးထားလေသည်။စိတ်ထဲကနေ ငခေတ်မက ကလေးမွေးတာလဲ တော်သားပဲဟု တွေးလိုက်ရင်း မျက်စိရှေ့မှ ပေါက်စနလေးနှစ်ယောက်အား ချစ်ခင်အူယားစွာဖြင့် ကြည့်နေမိသည်။သီဟကတော့ ပြုံးပြုံးကြီးကြည့်နေရင်းမှ ဝင့်ဝါဘက်လှည့်ကာ
ВЫ ЧИТАЕТЕ
You are the only Exception!
Любовные романыအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
