ခါးတွေဆီမှတဆစ်ဆစ်ကိုက်ခဲကာ ဆီးစပ်နားကထိုးအောင့်နေမှုနှင့်အတူ အိပ်ရာကနေနိုးလာခဲ့ရသည်။မျက်လုံးဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ပေါင်တွေ ခြေသလုံးတွေတစ်လျှောက္မှာ ညောင်းညာတောင့်တင်းနေသောခံစားမှုကြောင့် တစ်စုံတစ်ခုကိုတွေးမိသွားလျှင် အမှန်တကယ်ပင်ဖြစ်နေလေပြီ။ထို့နောက် အောက်ပိုင်းဆီမှစိုစွတ်မှုကို သတိပြုမိလိုက်သည်နှင့် မျက်လုံးတွေကျယ်သွားပြီဖြစ်သောသူမက ကိုယ့်အနေအထားကိုယ်ပြန်ကြည့်လိုက်ချိန်၌ ခေါင်းထဲမှာ ဒိန်းခနဲတောင်မြည်သွားသလိုပင်။
သူ့ကို လက်တစ်ဖက်နှင့်ခြေထောက်တစ်ဖက်စီက အားရပါးရခွဖက်ထားရင်း ကျန်ခြေထောက်တစ်ဖက္မှာ သူ့ခြေထောက်ကြားထဲ ထိုးထည့်ပြီးတိုးဝင်၍ စိတ်လွတ်ကိုယ်လွတ်အိပ်နေခဲ့ခြင်းဖြစ်သည်။မနေ့ညက ဘယ်လောက်တောင်အိပ်ရေးဆိုးခဲ့လဲမသိ။စောင်ကိုလှပ်ကြည့်လိုက်တော့ ညအိပ်ဂါဝန်က ပေါင်လယ်လောက်ထိပင် လိပ်တက်နေပြီ။ထို့ကြောင့် သူမက ထင်သလိုမဖြစ်ပါစေနဲ့ဟု ဆုတောင်းရင်း သူ့ခြေထောက်တွေကြားထဲကနေ အသာရုန်းထွက်ကာ ထထိုင်ပြီးနောက် စောင်ကိုလှပ်ကြည့်လိုက်လျှင်
"သေပါပြီ..."
စိတ်ထဲမှအသံက ပါးစပ်ကနေတောင်တိုးတိုးလေးထွက်သွားရရင်း တစ်ဆက်တည်းမှာပဲ လက်နှစ်ဖက်နှင့် ဆံပင်တွေကို အလန့်တကြားဆွဲဆုပ်လိုက္မိသည်။
မျက်စိရှေ့မှာ မြင်နေရသည့်မြင်ကွင်းကတော့ သွေးပျက်စရာပင်။
သူမ အားရပါးရခွအိပ်ထားသောသူသည် အပေါ်က ပေါ့ပေါ့ပါးပါး ညဝတ်အင်္ကျီကိုဝတ်ထားပေမဲ့ အောက်ကတော့ ဘောက်ဆာပံုစံဘောင်းဘီတိုကိုသာ ဝတ်ဆင်ထားခြင်းဖြစ်သည်။ထိုအခါ ဖြူစင်ကြည်လင်နေသော သူ့ရဲ့ပေါင်နှင့်ခြေသလုံးတွင် ပေကျံနေလေသည့် သူမ၏ နီနီရဲရဲရာသီသွေးတွေက လယ်ပြင်မှာဆင်သွားထားသလို အထင်းသား အတိုင်းသား...။
ခဏလောက်ကြာသည်အထိ ကြောင်ကြည့်နေမိပြီးမှ အသိပြန်ဝင်လာချိန်မှာတော့ ချက်ချင်းပင် အော်ငိုချင်စိတ်ပေါက်သွားရသည်။
စိတ်ပျက်လိုက်တာ.....။
ဘယ်လိုလုပ်ရမလဲ...။စောင်နှင့်အိပ်ရာခင်းတွေမှာလည်း အနည်းငယ်ပေနေပေမဲ့ အဲ့ဒါက ဘာမှမဖြစ်။သူ့ခြေထောက်ကိုတော့ သူ မနိုးခင် ဘယ်လိုလုပ်လိုက်ရမလဲဆိုတာကိုသာ ခေါင်းပူမတတ်စဉ်းစားရသည်။သို့သော် နဂိုကတည်းကပင် ရာသီလာနေသောကြောင့် မကြည်လင်သည့်စိတ်က အခုချိန်မှာ ပိုပြီးရှုပ်ထွေးသွားရရင်း ခေါင်းထဲကနေ ဘာဆိုဘာမှထွက္မလာ။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...