နိုရာသည် တောထဲက စမ်းချောင်းငယ်လေးဘေးရှိ ကျောက်တုံးပေါ်မှာ တစ်ယောက်တည်းထိုင်ရင်း ဘေးနားပတ်လည် ပတ်ဝန်းကျင်ကို ဟိုဟိုဒီဒီကြည့်နေမိသည်။ထို့နောက် ဘယ်ဘက်ခြေထောက်ကိုပြန်ကြည့်မိတော့ ခြေဖနောင့်နားမှာ ဟက်တက်ကွဲနေသည့်ဒဏ်ရာက တဖျဉ်းဖျဉ်းစပ်ပြီးနာကျင်ကာ သွေးတွေစိမ့်ထွက်နေတုန်းပင်။နဂိုကတည်းက ဘာကိုမှဂရုမစိုက်တတ်ဘဲ စိတ်ဓာတ်ကြံ့ခိုင်သောကလေးပေမို့ အထူးတလည်ခံစားမနေတတ်သော်ငြား စိတ်ပျက်လက်ပျက်လေးတော့ဖြစ်နေမိသည်။အကြိမ်ကြိမ်ထောက်ကြည့်သော်လည်း မရသောခြေထောက်ကြောင့် အိမ်ကို ဘယ်လိုပုံစံနှင့်ပြန်ရမည်မှန်းမသိတော့ဘဲ ဒီနားကနေဖြတ်သွားလေမည့် ဖြတ်သွားဖြတ်လာတစ်ယောက်ယောက်ကိုသာ စောင့်နေခဲ့ရခြင်းဖြစ်လေသည်။အကယ်၍ ညနေပိုင်းရုံးဆင်းချိန်အထိ အိမ်မပြန်နိုင်ပါက ဖေဖေပြန်ရောက်လာချိန် နိုရာကိုမတွေ့ရလျှင် မိုးမီးလောင်တော့မည်ကိုလည်း ကြိုမြင်နေမိရသည်။ဖြစ်ချင်တော့ ဒီနေ့ကျမှ ကိုကိုကလည်း အတူတူပါမလာခဲ့။ပါလာဖို့နေနေသာသာ ဒီနေရာကို တစ်ယောက်တည်းထွက်လာသည့်အကြောင်းအား ဘယ်သူမှမသိကြသောကြောင့် နိုရာဘယ်သွားမှန်းတောင်သိကြမည်မဟုတ်ပေ။
ဒီနေရာလေးအား လေးညီတို့အဖွဲ့နှင့်အတူ တောလည်သွားရင်းက ဒီနားပတ်ချာလည်အကုန်လိုက်ကြည့်ကြရင်း မထင်မှတ်ဘဲ တွေ့ခဲ့ရခြင်းဖြစ်လေသည်။တောထဲအတွင်းနက်နက်ထိမရောက်ဘဲ အစပ်နားလေးတင်ဖြစ်သော်လည်း ချောင်ကျကျလေးဖြစ်နေသောကြောင့် တော်ရုံတန်ရုံ ဘယ်သူမှမတွေ့မိကြခြင်းဖြစ်နိုင်သည်။ဝန်းကျင်တစ်ခုလံုး အပင်တွေပတ်လည်ဝိုင်းကာ တောင်ကျရေတို့ပေါင်းစပ်၍ တသွင်သွင်စီးဆင်းနေသောစမ်းချောင်းလေးသည် နိုရာ့အတွက်တော့ နောက်ထပ် နတ်ဘုရားတို့ဖန်ဆင်းပေးထားသော Paradise တစ်ခုအား ထပ်တွေ့လိုက်ရသလို ခံစားမိစေသည်။ထိုမျှသာမက သဘာဝရေအိုင်ငယ်လေးတွေကဲ့သို့ရှိနေစေသည့် ဝန်းဝိုင်းသောကျောက်ခွက်လေးတွေနှင့်အတူ ခပ်ကျယ်ကျယ်ကန်ပြင်ကျယ်တစ်ခုလည်းရှိပြန်ရာ ဒီနေရာသည် ပြစ်ချက္မရှိပြည့်စုံလှသော သဘာဝရဲ့ပန်းချီကားတစ်ချပ်ပင် ဖြစ်နေလေပြီ။
![](https://img.wattpad.com/cover/269049768-288-k472122.jpg)
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...