Your Dream Hostel
Hostel ကိုရောက်လျှင် အချိန်က ခုနစ်နာရီမတ်တင်းတော့မည်။သူက Lobby မှာထိုင်စောင့်နေလိုက်ပြီး ဇင်မင်းကတော့ Reception ကိုသွားကာ သူ့ဆရာနာမည်ကိုပြောလိုက်သောအခါတွင် ဝန်ထမ်းလေးတွေက အနည်းငယ်အံ့ဩသွားကြပုံရသည်။ထို့နောက် ချက်ချင်းပင် တစ်ယောက်က အခန်းကတ်ကိုထုတ်ပေးနေရင်းမှ တစ်ယောက်ကတော့ အလျင်အမြန် ph ဆက်နေေလသည်။
"ခဏလေးစောင့်ပေးလို့အဆင်ပြေမလားရှင့်...။ညီမတို့ရဲ့မန်နေဂျာက အခုပဲလာနေပြီမို့လို့ပါရှင်..."
နွေးနွေးထွေးထွေးပြုံးပြရင်း ပျာပျာသလဲပြောနေသော ဝန်ထမ်းကလေးမကိုကြည့်၍ ဇင်မင်းက နားလည်စွာပြုံးပြလိုက်ပြီးမှ အေးအေးဆေးဆေးပင်ပြန်ပြောလိုက်သည်။
"ရတယ် ကိစ္စမရှိဘူး...။ဖြည်းဖြည်းလုပ်ပါ..."
ထိုသို့ဖြင့် လိုအပ်သည်များကိုထုတ်ပေးနေတုန်းမှာပင် ရုပ်ရည်သန့်သန့်ပြန့်ပြန့်နှင့် လူငယ်တစ်ယောက်ကရောက်လာကာ ဇင်မင်းအား ရင်းရင်းနှီးနှီးပြုံးပြလာရင်း
"ကိုရှိုင်းသူရိန်လားမသိဘူး..."
"အော် မဟုတ်ဘူးဗျ..။ကျွန်တော်က သူ့ရဲ့လက်ထောက်ပါ..၊ဇင်မင်းထက်ပါဗျ..."
ပြောရင်း ဇင်မင်းက လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးလိုက်သောကြောင့် ထိုကောင်လေးကလည်း ဖော်ရွေစွာပြုံးပြလာပြီးလျှင်
"အော်...ဟုတ်ကဲ့ပါခင်ဗျ..။ကျွန်တော်က ဒီကမန်နေဂျာ မြင့်မြတ်သီဟပါ.. "
သီဟသည်လည်း ပြောရင်းနှင့်လက်ကိုပြန်ဆွဲကာ ရည်ရည်မွန်မွန်နှုတ်ဆက်လိုက်သည်။
ပြီးလျှင် ဇင်မင်းက Lobby မှာထိုင်နေသည့်သူ့ဆရာကို ညွှန်ပြလိုက်ရင်း
"ဆရာက ဟိုဘက္မှာ ခဏထိုင်စောင့်နေတာ..."
"ဟုတ်ကဲ့..."
ထို့နောက် နှစ်ယောက်သား Lobby မှာ ထိုင်နေသည့်လူဆီသို့ လျှောက်လာလိုက်ကြသည်။လက်ထဲက ph ကိုကြည့်ရင်း ဆိုဖာမှာထိုင်နေသောအမျိုးသားက ထိုင်နေသည့်ပုံစံကပင် မာန်ပါလှကာ သူ့အိမ်ဧည့်ခန်းမှာထိုင်ေနသကဲ့သို့ သက်တောင့်သက်သာရှိစွာနှင့် ထိုင်နေေလသည်။ထိုသို့ဖြင့် သူတို့အနားကိုရောက်သွားလျှင် ထိုလူက မော့ကြည့်လာသောကြောင့် ဇင်မင်းကပင် သီဟနှင့်မိတ်ဆက်ပေးလိုက်သည်။
ВЫ ЧИТАЕТЕ
You are the only Exception!
Любовные романыအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...