HONEYMOON ❤️Day-5❤️

46.3K 1.3K 61
                                    

လျှောက်လည်ရမည်မို့ တက်ကြွစွာပင် စောစောနိုးလာရသောသူမက သူ့ကိုမော့ကြည့်လိုက်လျှင် အိပ်မောကျနေသေးသည့်မျက်နှာကြောင့် နှိုးဖို့အတွက်ကို လက်တွန့်သွားမိသည်။မျက်စိရှေ့မှာ အေးဆေးသက်သာစွာဖြင့် အိပ်ပျော်နေသောသူက အိပ်နေသည့်အချိန်တိုင်းမှာတော့ ချစ်ခင်နှစ်လိုဖွယ်ရာမျက်နှာထားရှိပါသည်။အသက်ကိုပုံမှန်ရှုကာ အိပ်ပျော်နေသည့်မျက်နှာချောချောက ကြည့်လို့ကောင်းနေလျှင် သူမက မနှိုးသေးဘဲ အသာငြိမ်ပြီး ငေးကြည့်နေမိသည်။ကြည့်လိုက်သည်နှင့် သူ့ကိုယ်သူ လုပ်ငန်းရှင်ပီသစွာပင် အရှိန်အဝါနှင့်နေတတ်ပြီး မျက်နှာထားတည်တင်းကာ ပဲများနေတတ်သောသူသည် ယခုလိုအိပ်နေသည့်အချိန်မှာတော့ ရိုးသားကြိုးစားသည့်ဖိုးသခွားလေးလို နူးညံ့အေးဆေးနေတတ်ပေသည်။

ထိုကဲ့သို့ ကြည့်နေစဥ်မှာ သူ့မျက်တောင်ဖျားတွေက လှုပ်ခတ်လာလျှင် သူမက ခေါင်းကိုပြန်ငုံ့ကာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ထိုသို့ဖြင့် နဖူးကိုလာနမ်းလိုက်သောအထိအတွေ့ကြောင့် သူနိုးလာပြီဆိုတာကိုသိလိုက်ရပြီမို့ ထလျှင်ကောင်းမလား စဉ်းစားနေစဉ် သူက ခေါင်းကိုခပ်ဖွဖွပွတ်သပ်ကာ အိပ်ရာပေါ်မှ ထသွား‌ေလသည်။ထို့နောက်တွင်မူ ရေချိုးခန်းထဲမဝင်ဘဲ အခန်းအပြင်သို့ထွက်သွားသည်မှာ အချိန်ခဏလောက်ကြာလာလျှင် မနေနိုင်တော့သည့်သူမက အခန်းတံခါးကိုဖွင့်ပြီး အသာချောင်းကြည့်လိုက်တော့ ဝရန်တာမှာ ph ပြောနေသည်ကို တွေ့ရလေသည်။သို့နှင့် အသာလေးတိုးကပ်သွားကာ နားထောင်ကြည့်လိုက်လျှင်

"ဟုတ်ပြီ..အဲ့ဒါဆို ဒီနေ့ ဂူတွေပဲအရင်သွားလိုက်တာပေါ့။တောင်တွေကတော့ မနက်ဖြန်မှသွားလိုက်တော့မယ် ကျေးဇူးပါ"

အော် သွားဖို့အတွက်ကို မေးမြန်းနေတာပဲ...။

ထိုသို့ဖြင့် နောက်ကနေ ခိုးနားထောင်နေသောသူမက သူ ph ပြောပြီးပြန်လှည့်လာချိန်မှာ ခဏအတွေးလွန်သွားသောကြောင့် ပုန်းချိန်မရလိုက်။သို့နှင့်ပင် သူ့ကိုကြည့်ပြီး လန့်သွားရကာ ပြန်လှည့်ပြေးမည်ပြင်လိုက်စဉ်မှာပဲ သူက ခြေလှမ်းကျဲတွေနှင့်ရောက်လာရင်း နောက်ကနေသိုင်းဖက်၍ အမိဖမ်းလိုက်သည်။

You are the only Exception!Donde viven las historias. Descúbrelo ahora