Horse Club မှာ မြင်းစီးသင်တန်းပါဖွင့်ထားသည်ကြောင့် အခုဆိုလျှင် Your Dream ၏မြင်းစီးကွင်းမှာ သင်တန်းချိန်တွေအလိုက် တစ်နေကုန် လူမပြတ်တော့ပေ။အများစုက လူငယ်များနှင့် ကလေးများပင်ဖြစ်ကာ လူကြီးတွေကတော့ အချိန်မပေးနိုင်သောကြောင့် လာတက်သည့်အရေအတွက္မှာ နည်းလှပေသည်။ကလေးမိဘများက သူတို့၏ကလေးနှင့်အတူတူ စီးတတ်သွားအောင် တစ်ခါတည်းသင်လိုက်ကြတာမျိုးလည်းရှိပေမဲ့ များသောအားဖြင့်ကတော့ မြင်းစီးကွင်းမှာ ကလေးတွေနှင့်သာ ပြည့်နေခြင်းဖြစ်သည်။ထို့ကြောင့် သူမကတော့ ထိခိုက္မှုမရှိစေရေးသည် အဓိကဦးစားပေးဖြစ်ကာ လိုအပ်သည့်အဆင်တန်ဆာတွေမဝတ်ဘဲ မြင်းပေါ်တက်ခွင့်မပြုစေရန်၊ပြုတ်ကျတာမျိုးမရှိစေရန်နှင့် သတိတစ်ချက္မလွတ်စေဘဲ အနားမှာအချိန်ပြည့်ရှိနေပေးရန်အတွက်ကို အထူးတလည် သေချာမှာထားရသည်။အတွေ့အကြုံရှိသည့် မြင်းထိန်းတွေဖြစ်သောကြောင့် စိတ်ချရသော်လည်း သူမဘက်ကတော့ ကလေးတွေများသော သင်တန်းအတွက်ကို အချိန်ပြည့်ပင် ဂရုတစိုက်နှင့်သေချာစောင့်ကြည့်ကာ အာရုံစိုက်နေရလေသည်။
သို့သော်...။
သူမထက်ပိုကာ စိတ်ရောကိုယ်ပါနှစ်ပြီး အာရုံစိုက်နေသည့် လူတစ်ယောက်ရှိနေသည်ကိုတော့ သူမက လုံးဝမသိခဲ့ပါချေ။
*
*
*
ဒီနေ့လည်း အလုပ်ရှုပ်နေဦးမည့်သူ့အား ထမင်းစားချိန်မတိုင်ခင် သူစားချင်တာမေးရန်အတွက်ကို သူမက အချိန်အနည်းငယ်စောကာ သူ့အခန်းဆီသို့ထွက်လာခဲ့လိုက်သည်။အခန်းထဲရောက်လျှင် သူ့ကိုမတွေ့ရသောကြောင့် ပြန်ထွက်လာလိုက်ချိန်မှာပဲ အခန်းရှေ့မှာရှိနေသည့်ဝန်ထမ်းလေးတစ်ယောက်က
"မရွှေခေတ် ဆရာ့ကိုရှာနေတာလား...။ဆရာ ခုနကတင် မြင်းစီးကွင်းဘက်ထွက်သွားတာ တွေ့လိုက်တယ်..."
ထိုစကားကြောင့် သူမက မျက်ခုံးတွေပင့်သွားမိကာ
"မြင်းစီးကွင်း..."
"ဟုတ်တယ်ဗျ...၊အခုတလော ခဏခဏသွားပြီးကြည့်နေတာ...။ကလေးတွေများတော့ စိတ်မချလို့ထင်တယ်..."
ESTÁS LEYENDO
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...