She came into my life

18.5K 875 32
                                        

မဟာနန္ဒမူလိုဏ်ဂူတော် ပိတ်ချင်းမြောင်

"ကဲ ပိတ်ချင်းမြောင်ရောက်ပြီ...။ဖေဖေ့သမီး ရေဆော့မယ်ဆို ဆော့လို့ရပါပြီဗျာ..."

ထိုကဲ့သို့ ဖေဖေက ကားကိုရပ်ပြီးပြောလိုက်သည်နှင့် နောက်ခန်းထဲမှာ အစ်ကိုနှစ်ယောက်နှင့်အတူထိုင်နေသော ရွှေခေတ်၏မျက်လုံးလေးတွေက လက်ခနဲတောက်သွားရရင်း ချက်ချင်းပင် ကားပေါ်ကနေ ဆင်းလိုက်လေသည်။တစ်ဖက္မှာ ကိုကိုတို့မိသားစု၏ကားကပါ ဘေးချင်းကပ်ရပ်လိုက္သည်မို့ လူစုံဆင်းလာအောင် စောင့်နေလိုက်ကြရင်း ပြီးသည်နှင့် မိသားစုနှစ်စုပေါင်းကာ ရေတံခွန်ရှိရာသို့ ထွက်လာလိုက်ကြသည်။ထို့ိနောက် အစ်ကိုနှစ်ယောက်၏လက်ကို တစ်ဖက်စီတွဲ၍ ခုန်ပေါက်လျှောက်နေသော ရွှေခေတ်ကိုကြည့်ပြီး ဖေဖေက နောက်ကနေလှမ်းပြောလာသည်။

"အံ့ဘုန်း ညီမလေးကို ရေဆော့ရင် သေချာထိန်းပေးနော်...။ဟိုတစ်ခေါက်ကလို ရေထဲဆွဲချပြီးတော့ မစကြနဲ့ဦး..."

"ဟုတ် ဖေဖေ..."

"အံ့မခန်းရောပဲ...၊ကလေးက ရေကြောက်တတ်ပါတယ်ဆိုမှ မငိုမချင်းကို မနေနိုင်မထိုင်နိုင် ဇွတ်တွေစကြတာ...။ဒီတစ်ခါငိုသွားလို့ကတော့ ကလေးကို နှစ်ယောက်လုံးနဲ့ ပေးမဆော့တော့ဘူးနော် ကောင်လေးတွေ..."

အံ့မခန်းထင်ကိုပါ အမေဖြစ်သူက နောက်ကနေလှမ်းပြောနေလျှင် နှစ်ယောက်လုံးက စပ်ဖြဲဖြဲနှင့်နောက်လှည့်ကြည့်ကာ ပြန်ပြောလိုက်သည်။

"မစတော့ပါဘူး မေမေကလဲ...။အရင်တစ်ခေါက်ကတည်းက ဝိုင်းဆူကြတာကို ကြောက်သွားပါပြီ..."

"ပြောတုန်းသာ ကြောက်ပါတယ်ပြောနေတာ..။ပြီးရင် စချင်သလို ထပ်စကြပြန်ရော...။ညီမလေးကို ယောက်ျားလေးတွေဆော့သလို အကြမ်းပတမ်းတွေဆော့လို့မရပါဘူးဆိုလဲ ပြောမရဘူး...။ကလေးက သူတို့လက်ထဲရောက်ရင် အရုပ်လေးကျနေတာပဲ..."

ထိုသို့ဖြင့် လူကြီးတွေက စကားတွေဆက္မိသွားကာ မပြီးနိုင်တော့လျှင် အံ့ဘုန်းနှင့်အံ့မခန်းက အကြည့်ချင်းဆုံသွားကြကာ ရွှေခေတ်၏လက်‌ေလးကိုဆွဲ၍ အမြန်လျှောက်လာခဲ့လိုက်ကြသည်။

You are the only Exception!Where stories live. Discover now