Whyyyyy!!!!!!

37.5K 1.4K 19
                                    

နောက်တစ်ရက္မှာတော့ သီဟက ph ဆက်ခေါ်လာသောကြောင့် ရွှေခေတ်သည် ချက်ချင်းဆိုသလိုပင် ပြင်ဦးလွင်သို့ ပြန်တက်သွားရ‌သည်။ကော်ဖီခြံနှင့်လက်တွဲထားသော Trekking လမ်းကြောင်းတွေမှာ စတင်နေပြီမို့ သူနှင့်အတူ အနီးကပ်စီမံနိုင်ရန်အတွက်ကို လှမ်းခေါ် ခြင်းဖြစ်ပြီး Your Dream ကို သူမ ရောက်သွားချိန်တွင် ဝင့်ဝါကတော့ မန္တလေးမှာရှိသည့် မိဘများ၏အိမ်သို့ အကြောင်းကိစ္စရှိ၍ဟုဆိုကာ ပြန်သွားလေသည်။သို့နှင့်ပင် Trekking လမ်းကြောင်းတွေက တစ်သုတ်ပြီးတစ်သုတ် ဆက်တိုက်ရှိနေမည်ဖြစ်လေရာ သူမက သီဟနှင့်တိုင်ပင်ပြီး ဆက်တိုက် အချိတ်အဆက္မိစွာလည်ပတ်နိုင်စေရန်နှင့် ကော်ဖီခြံဘက်ကိုလည်း ဝန်မပိစေရန်အတွက် အချိန်ကိုက်စနစ်တကျဖြစ်အောင် သေချာ plan ဆွဲရ‌ပေသည်။ထိုသို့ဖြင့် အလုပ်များနေကြစဉ်တွင် နှစ်ရက်လောက်အကြာမှာပြန်ရောက်လာသောဝင့်ဝါက ရောက်ရောက်ချင်းပင် သူမ၏အမေမှ ပြန်ဆင်းလာဖို့မှာလိုက်သည်ဟု ပြောလာလေသည်။ထိုအခါ ဘာအတွက်ကြောင့်မှန်းမသိ၍ ဝင့်ဝါကိုမေးတော့လည်း မန္တလေးရောက္မှပဲ ပြောပြမယ်၊လောလောဆယ် ဆင်းသာဆင်းလာခဲ့ပါဟူ၍ မှာလိုက်သည်ဟုပြောလာလျှင် ရွှေခေတ်သည် စိတ်ထဲမှာ အံ့ဩထူးဆန်းသွားမိရသည်။

သူမဆီကို တိုက်ရိုက် ph ဆက်ရင်ရရဲ့သားနဲ့ ဘာလို့ ဝင့်ဝါနဲ့ မှာလိုက်တာလဲမသိ..။

ပုံမှန်အတိုင်းဆိုလျှင် ဒီလိုပြန်ဆင်းလာဖို့ကို တစ်ခါမှမပြောဖူးသည်မို့ သူမမှာ စီစဉ်စရာရှိသည်များအားစီစဉ်ပြီး လုပ်လက်စများကို သီဟအား ခဏလွှဲခဲ့လိုက်ကာ မန္တလေးသို့ပြန်ဆင်းလာရသည်။

ထိုသို့ဖြင့် အိမ်ပြန်ရောက်ချိန်တွင် အမေက သူမကို ရောက်ရောက်ချင်း အခန်းထဲခေါ် ပြီး ဆီးကြိုပြောလာသည်မှာ

"သမီးလေး အိမ်ထောင်ပြုတော့.."

"ဟမ် ဘာလို့လဲ...အမေရဲ့။ရုတ်တရက်ကြီး ပြန်ဆင်းလာခိုင်းပြီးတော့ လာနောက်နေတယ်...။ဘာများလဲလို့ ဒီက.."

"အမေက တကယ်ပြောနေတာ...။သမီးကိုအိမ်ထောင်ပြုစေချင်ပြီ..."

"ဟား အတည်ပေါက်ကြီးနဲ့လုပ်ပြီ...။ဘာလိုချင်လို့လဲပြော...။ဘာပဲဖြစ်ဖြစ်ဝယ်ပေးမယ်...။အဲ့လိုတော့မခြိမ်းခြောက်နဲ့..."

You are the only Exception!Où les histoires vivent. Découvrez maintenant