တစ်ဖက္မှာတော့ အရည်အချင်းရှိပြီး အမြော်အမြင်ကြီးသော်လည်း မေ့နေသည်ကို အခုမှသတိရသွားလေသော ရွှေခေတ်သည် ရေချိုးကန်ထဲကနေ ကပျာကယာထကာ ရေအမြန်ချိုးလိုက်ရင်းမှ အဝတ်အစားလဲပြီးသည်နှင့် တစ်ဖက်ဘန်ဂလိုကို အမြန်ပြေးကြည့်လိုက်သည်။
တွေ့ရသည့်အတိုင်းပင် သေချာပေါက် ရေပူမရပါ။
ထို့ကြောင့် ချက်ချင်းပြန်ထွက်လာပြီး ဝန်ထမ်းတွေနှင့် သီဟရှိနေသည့် Main Hall ဘက်ကို အမြန်ပြေးသွားလိုက်ကာ ဖြစ်နေသည့်အကြောင်းအရာကိုပြောပြရင်း ပြင်မည့်သူအား အမြန်ခေါ် ဖို့ပြောရသည်။
ထင်သည့်အတိုင်းပင်...။
ပြင်ပေးမည့်သူက မိုးချုပ်နေပြီဖြစ်၍ နံနက္ပိုင်းမှလာနိုင်မည်။အကယ်၍ မနက်ဖြန်လာပြင်လျှင်တောင်မှ ချက်ချင်းပြီးဖို့က မသေချာ။
သို့နှင့်ပင် သီဟကတော့ မျက်စိမျက်နှာတွေပျက်ကာ စိတ်ပျက်လက်ပျက်ပုံစံနှင့် သူမကို တိုင်တည်ပြောလာလေသည်။
"စီးအို...(စီးအို=CE O) ငါလိုတာပါဟာ...။အဲ့ဒီတုန်းကတည်းကပြင်ထားရမဲ့ဟာကို ဒီအတိုင်းပစ်ထားလိုက္မိတာ...။အခု ပြင်တဲ့သူကို သေချာပြောပြတောင်းပန်ပြီးတော့ ဒီတစ်ညလုံး ရအောင်ပြင်ခိုင်းကြည့်ရင်ရော..."
ရွှေခေတ်သည် ဘာပြန်ပြောရမည်မှန်းမသိသေးသဖြင့် စိတ်ကိုအတတ်နိုင်ဆုံးအေးအေးထားပြီး ဘယ်လိုလုပ်လျှင်အကောင်းဆုံးဖြစ်မလဲဆိုသည်ကို အရင်စဉ်းစားရသည်။
ဒီအခန်းက စျေးအကြီးဆုံးအခန်းဖြစ်သည့်အပြင် Your Dream ကိုလာသမျှက လူငယ်တွေများသောကြောင့် များသောအားဖြင့် Tent တွေမှာသာ နေကြသည်ကများသည်။ဒီရေပူမရသောကိစ္စကိုတောင်မှ ပြီးခဲ့သည့်အပတ်က အခန်းတွေစစ်ရင်းသိခဲ့ကြခြင်းဖြစ်ပြီး ပြင်သည့်လူကလည်း ထိုနေ့ကမလာနိုင်သေး၍ ချက်ချင်းလက်ငင်းမပြင်ဖြစ်လိုက်ပေ။ဧည့်သည်လည်း သိပ်ဝင်လေ့မရှိသည့် အခန်းဖြစ်နေသောကြောင့် ကျန်သည့်သူတွေလည်း ဒီကိစ္စကို အမှုမဲ့အမှတ်မဲ့ထားကာ မေ့လျော့နေကြခြင်းပင်။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့မေ့နေလျှင်တောင်မှ သူမသည်လည်း ဒီကိစ္စကိုသိနေသည်မို့ သူမကိုယ်တိုင်ကတောင် သတိမထားမိဘဲ ပေါ့ဆနေခဲ့မိလေရာ ကျန်သည့်သူတွေဆိုသည်ကား အပြစ်ဆိုစရာမရှိတော့။
ESTÁS LEYENDO
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...