My Lucky❤️My Dream

30.4K 1.1K 101
                                    

သူမက Julia ကို ကိုင်တွယ်ပွတ်သပ်ကြည့်ချင်သောကြောင့် မြင်းထိန်းကိုခေါ်လိုက်လျှင် တစ်ခါနှစ်ခါမိတ်ဆက်ပြီးသည်နှင့် သူမကိုလက်ခံရလောက်အောင် Julia က အလွန်ယဉ်ပါးသည်။

သူက ပူးကပ်ကာပြုံးပျော်နေသော သူမနှင့် Julia ကိုကြည့်ရင်း

"ပျောက်ဆုံးနေတဲ့ညီအစ်မတွေ ပြန်တွေ့သလိုပါပဲလား..."

"ဘာပြောတယ်..ကို"

"ဘာမှမဟုတ်ပါဘူး အဟွန်း..."

သူက ခပ်ပြုံးပြုံးနှင့်ပင်ပြန်ပြောပြီး Bryan ကို ပွတ်သပ်နေရင်းမှ ကျောကိုတစ်ချက်နှစ်ချက်ပုတ်လိုက်ကာ

"နောက်ရက်ကျမှ ထင်းရှူးတောထဲ ကောင်းကောင်းလျှောက်ကြည့်ကြတာပေါ့..။ဒီထဲမှာပဲ အမြဲတမ်းမနေရအောင် ကြိုးစားပြီးတော့ အချိန်ပေးမယ်နော် ကောင်လေး...။ဘာပဲဖြစ်ဖြစ် Julia ရှိနေတော့ ပျင်းတော့မပျင်းရပါဘူး...၊ဟုတ်တယ်မို့လား..."

သူမက သူ့ကိုကြည့်ပြီး နှာခေါင်းတစ်ချက်ရှုံ့၍

"သူများသာလိုက်ပြောနေတာ သူတို့ကကျတော့ သားအဖကျနေတာပဲ..."

"ဟွန်းဟွန်း..ကိုယ့်ရဲ့သားရလာရင်လဲ မြင်းစီးသင်ပေးပြီးတော့ အတူတူစီးရဦးမှာပဲ...။ဟူး....အဲ့လိုတွေးမိတော့ အခုချက်ချင်း သားလေးတစ်ယောက်လောက် လိုချင်လာပြီ..."

ထိုအခါ သူမက လျှာရှည်ပြီး အစဖော်မိသွားသော ကိုယ့်ကိုယ်ကိုယ်သတိပေးလိုက်ရင်းမှ သူ့စကားတွေကို မကြားချင်ယောင်ဆောင်နေရသည်။သို့သော် သူကတော့ စကားစကိုအပြတ်မခံသေးဘဲ Bryan ကိုလွှတ်ပြီး အနားကပ်လာကာ

"သိလား သဲ..၊ကလေးယူမယ်လို့ ဆုံးဖြတ်လိုက်တဲ့နေ့မှာပဲ ကိုယ်က တစ်ခါတည်း ကလေးရအောင်ယူပစ်မှာ...၊အချိန်တွေဆိုင်းနေမှာမဟုတ်ဘူး...။တကယ်တမ်း မနေ့ကလိုအခြေအနေမျိုးသာဆို တားသာမတားထားရင် ချက်ချင်း ကလေးရမှာပဲ...။အဟင်း..ကိုယ်တော့ အဲ့ဒီအချိန်အတွက်ကို ဒီထက်ပိုပြီးကြံ့ခိုင်နေအောင် ကြိုးစားထားမှဖြစ်မယ်..."

သို့နှင့်ပင် သူမက တကယ်ကို စိတ်ပျက်လက်ပျက်ဖြစ်ရစွာဖြင့် သူ့ကိုကြည့်မိသွားရရင်း

You are the only Exception!Donde viven las historias. Descúbrelo ahora