Don't Leave me Alone

37.1K 1.2K 72
                                    

ထင်တိုင်းကြဲပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော သူ့ရင်ခွင်ထဲမှာ သူမကတော့ သေလောက်အောင် ပင်ပန်းနွမ်းနယ်ခဲ့ရသော်လည်း တစ်ညလုံး အိပ်မပျော်နိုင်ခဲ့ပေ။မရခင်နှင့် ရပြီးကတည်းက အလိုလိုက်အကြိုက်ဆောင်ကာ သူမတူအောင် ချစ်ပေးခဲ့သောသူ့ကြောင့် သူလေသံမာလျှင်တောင် ဝမ်းနည်းသွားတတ်ရသောစိတ်ပျော့မှုမျိုးကို သူကိုယ်တိုင် မွေးမြူပေးခဲ့ပြီးဖြစ်သည်။အလိုလိုက်ခံထားရသည့်ကလေးက အဆူအပြောပင်မခံနိုင်တော့သလို သူ့ရဲ့လေသံတွေမာတာ မျက်နှာတည်တင်းတာ အကြည့်တွေစူးရဲတာကအစ သူနှင့်ပတ်သက်လျှင် သူမအတွက်က အစစအရာရာကို ခံစားလွယ်နေရတာမျိုးပင်။

ဒီလိုမျိုးသူမက မနေ့ညကကဲ့သို့ သူ့ဆီကဆက်ဆံပုံမျိုးအား တွေ့ကြုံခံစားလိုက်ရချိန်မှာတော့ ဝမ်းနည်းရလွန်း၍ ဖြေဆည်မရနိုင် ဖြစ်ရ‌ပေသည်။အမှန်တကယ်တွင် မနေ့ညကဖြစ်သွားခဲ့သောပြဿနာမှာ ကိုကြီးကိုအားနာစိတ်ကတစ်ဖက်၊တစ်သက်လုံးကခင်မင်လာခဲ့သောမိသားစုတွေက သူမ အိမ်ထောင်ကျမှပင် ယောက်ျားဖြစ်သူ၏ အပြုအမူ၊အပြောအဆိုကြောင့် အခင်အမင်ပျက်ရတယ်၊သူမ၏ယောက်ျားက ရိုင်းတယ်ဆိုသော ပုံစံဖြစ်မှာကို ကြောက်တာကတစ်ဖက်ဖြစ်ကာ တစ်ခါတွေ့ရုံနှင့်တင် သူ့ရဲ့စိတ်အလိုအတိုင်း ဘာကိုမှဂရုမစိုက်ဘဲ ခွာပြဲသွားအောင်လုပ်ပစ်လိုက်သည်ကို စိတ်တိုရခြင်းဖြစ်သည်။

ကိုကြီးဘက္မှ ဘယ်လိုပင်ခံစားချက်ရှိနေပါစေ သူမဘက်ကရိုးသားနေခဲ့မှုနှင့် နှစ်ဘက်လုံး၏ဂုဏ်သိက္ခာကို သူကမကြည့်ခဲ့ဘဲ ကိုကြီး၏ခံစားချက်အပေါ်မှာသာ စိတ်ရောက်၍ သူထင်သလို ပြောဆိုပစ်ခဲ့သည်။သူသာ သူမဘက်ကိုကြည့်ခဲ့သည်ဆိုလျှင် လိမ္မာပါးနပ်စွာဖြင့် နှစ်ဘက်လုံး အနေမခက် ပြဿနာမတက်အောင် ဖြေရှင်းလို့ရသော်လည်း အခုတော့ အကြမ်းနည်းသုံးကာ လူမိုက်အဖြစ်ခံခဲ့သည်။သူမကိုချစ်သည်ဆိုလျှင် သူမ မနစ်နာအောင် သေချာစဉ်းစားဆုံးဖြတ်ကာ အလိမ္မာနည်းကို သုံးဖို့စိတ်မကူးဘဲ ငါပိုင်တဲ့မိန်းကလေးကိုလာထိရင် ဘာကိုမှဂရုမစိုက်၊ဘယ်သူ့ကိုမဆိုအပြတ်ရှင်းပစ်မယ်ဆိုသောစိတ်နှင့် သူ့အတ္တကိုသာဦးစားပေးခဲ့သည်။သူမဘက်က တစ်သက်လုံးခင်မင်လာခဲ့သည့် ခင်မင်မှု၊စောင့်ထိန်းလာသည့် သိက္ခာတရား၊မိသားစုနှစ်ခုကြားမှ ပတ်သက္မှုတွေအား သူက ဘာတစ်ခုကိုမှအရေးမလုပ်ခဲ့ဘဲ သူဖြစ်ချင်သည့်အတိုင်းသာ ဖြစ်အောင်လုပ်ခဲ့လေသည်။သူ့ဘက်ကကြည့်လျှင်တော့ ဒါသည် သူမကိုချစ်လို့လုပ်တာဆိုပေမဲ့ သူမ၏ဘက္မှာတော့ ကျိုးပျက်သွားသော ခင်မင်မှုတွေ၊သံယောဇဉ်တွေနှင့် အခန့်မသင့်လျှင် တစ်သက်လုံးကမဖြစ်ခဲ့ဖူးသော ပြဿနာတွေအား ရင်ဆိုင်ကြုံ‌ေတွ့ရမည်ကို သူက စာနာတွေးတောပေးဖို့ လုံးဝစိတ်ကူးမရှိခဲ့‌ေပ။

You are the only Exception!Donde viven las historias. Descúbrelo ahora