နိုးလာသည်နှင့် သူမက တင်းကျပ်စွာပွေ့ဖက်ထားသော လက်တွေကြားကနေ သူ့မျက်နှာကို အရင်မော့ကြည့်လိုက်သည်။မနေ့ညက အိပ်ချင်လွန်းသောကြောင့် အဓိပ္ပါယ်မရှိတာတွေပြောလိုက္မိသည့်သူမအား စိတ်ကောက်သွားသောသူသည် အခုတော့ မျက်စိရှေ့မှာ တည်ကြည်အေးဆေးစွာပင် အိပ်နေရှာလေသည်။ထိုကဲ့သို့ အိပ်နေသည့်အချိန်မှာဆို ဘယ်လိုပင်နေနေ ချစ်ဖို့ကောင်းလွန်းသောမျက်နှာအား သေချာကြည့်နေမိရင်းမှ နက္မှောင်ထူတန်းနေသောမျက်ခုံးတွေကို လက်ညှိုးလေးနှင့် အသာအယာထိကိုင်လိုက်သည်။ပြီးလျှင် ဖြောင့်တန်းနေသောနှာတံဆီသို့ တရွေ့ရွေ့ဆင်းလာရင်း ခပ်ဖွဖွတို့ထိကြည့်လိုက်လျှင် ယောက်ျားလေးတန်မဲ့ အဖုအပိန့်ကင်းကာ ကြည်ရှင်းနေသောအသားအရေက ဆားဝက်ခြံတောင်ရှိမနေပေ။ထိုအခါ အသားအရေကောင်းသည့်သူဆို အော်တိုသဘောကျတတ်သောသူမက သူ့မျက်နှာကို သဘောကျစွာဖြင့်ကြည့်နေမိရင်း မနေနိုင်တော့သည်မို့ အသာဖိကပ်ကာ နမ်းလိုက္မိသည်။
ထို့နောက် မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကို ညင်သာစွာ ပွတ်တိုက်နမ်းရှိုက်နေသော်လည်း သူကတော့ အခုထက်ထိ မျက်တောင်တစ်ချက် လှုပ်မလာသေး။သို့နှင့် နေရာအနှံ့ရောက်အောင် တရွရွဖိကပ်နေမိရင်းမှ နောက်ဆုံးမှာ နှစ်သက်ရသော သူ့နှုတ်ခမ်းတွေဆီရောက်လျှင် ခါတိုင်းလို ညင်သာစွာမနမ်းတော့ဘဲ သူနမ်းနေကျပုံစံအတိုင်း နှုတ်ခမ်းတစ်ခုလုံးအား ဆွဲယူပစ်လိုက်တော့သည်။ထိုအခါ အားအပြည့်နှင့် နမ်းလိုက်သောသူမကြောင့် သူ့နှုတ်ခမ်းအပေါ်ထောင့်လေးက ဆတ်ခနဲ တစ်ချက်တွန့်သွားသော်လည်း မျက်လုံးတွေကတော့ဖွင့်မလာသေးပေ။ထို့ကြောင့် အားရပါးရနမ်းနေတာတောင် တုတ်တုတ်မှမလှုပ်သောသူ့ကို သူမက အသည်းယားလာရလျှင် သူ့ကိုယ်ပေါ်တက်ကာ ရင်ဘတ်ချင်းအပ်၍ ပါးနှစ်ဖက်ကိုဖွဖွညှပ်ကိုင်ရင်း နောက်တစ်ကြိမ်ထပ်ပြီး မလွှတ်တမ်းနမ်းလိုက်ပြန်သည်။ထိုသို့ဖြင့် အနမ်းတွေကပို၍အားပါလာသောအချိန်တွင် သူ့ဆီမှ အသက်ရှုသံတွေမြန်လာသည်ကို တွေ့ရသောကြောင့် သူမက ရပ်တန့်လိုက်ကာ
"ကို နိုးပြီလား..."
တကယ်တော့ သူသည် သူမ စတင်ထိကိုင်လိုက်သည့်အချိန်ကတည်းကပင် နိုးလာခဲ့ရခြင်းဖြစ်သည်။သို့သော် မနေ့ညကအရှိန်နှင့် သူမ ချော့တာကိုခံချင်သေးသည်ကြောင့် မထဖြစ်သေးဘဲ အသာငြိမ်နေလိုက်ကာ အိပ်ချင်ယောင်ဆောင်နေခဲ့ခြင်းပင်။မျက်နှာတစ်ခုလုံးကို နူးညံ့လှသောအထိအတွေ့လေးက တရွရွပြေးလွှားကာ သူ့စိတ်တွေကိုဖမ်းစားနေသော်လည်း သူက မတံု့ပြန်မိစေရန် စိတ်ကိုထိန်းထားသည်။နေရာအနှံ့ရောက်နေသော သူမ၏နှုတ်ခမ်းလေးတွေက နမ်းနေရင်း သူ့နှုတ်ခမ်းတွေဆီကိုရောက်လာသည့်အချိန်မှာ ယောင်ပြီးတုံ့ပြန်မိတော့မလိုဖြစ်သွားပေမဲ့ သူက ရအောင် တင်းခံထားလိုက်နိုင်သေးသည်။သို့ရာတွင် သူ့ကိုယ်ပေါ်သို့တက်လာကာ အနမ်းတွေက ရှည်ကြာလာသောအချိန်မှာတော့ သူသည်လည်း ဆက်ပြီးချုပ်တည်းထားနိုင်စွမ်းမရှိတော့။သူမဘက်က တစ်ချက်လှုပ်လျှင်တောင် စိတ်လှုပ်ရှားရင်ခုန်ရသောသူမို့ ဒီထက်ပိုပြီး စိတ်ကိုတင်းမထားနိုင်တော့ဘဲ လူကမလှုပ်သည့်တိုင်အောင် အလိုလိုတံု့ပြန်လာသော ခန္ဓာေဗဒ၏တံု့ပြန်မှုအရ ကိုယ်အပူချိန်တွေချက်ချင်းတက်၍ အသက်ရှုတွေပါမြန်လာရလေပြီ။
VOUS LISEZ
You are the only Exception!
Roman d'amourအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...