"အဟွန်း နေတောင်ဝင်သွားပြီ..."
ထိကပ်နေသောနှုတ်ခမ်းတွေကို ကိုယ်စီလွှတ်လိုက်ချိန်မှာ သူက ပြုံးကြည့်ပြီးပြောလာမှ ကြည့်လိုက္မိလျှင် အမှန်တကယ်ပဲ နေဝင်သွားချေပြီ။ထိုအခါ မကြာခင် မှောင်ရီသန်းတော့မည့်ပတ်ဝန်းကျင်ကို မကြောက်တတ်ပေမဲ့ သူမက သူ့ကိုချွဲချင်သောကြောင့်
"ကို ဒီလိုအချိန်မှာ zombie တွေ ထွက်လာရင် ဘယ်လိုလုပ်မလဲဟင်..."
သူမ၏စကားကို သူက တင်းနေအောင်ထွေးဖက်ကာ ပခုံးကြားထဲသို့တိုးဝင်ပြီး မေးတင်ထားလိုက်ရင်းမှ ပြန်ဖြေသည်။
"ဘယ်လိုမှလုပ်စရာမလိုဘူး...။သဲမှာ zombie ထက်ဆိုးတဲ့ ကိုယ်ရှိနေတာပဲကို ဘာကိစ္စကြောက်နေမှာလဲ..."
"အဟင်း ဟုတ်သားပဲ...။ကိုက စိတ်မထိန်းနိုင်ရင် တကယ် zombie တွေထက် ကြောက်ဖို့ကောင်းတယ်..."
ထိုသို့ဖြင့် တဖြည်းဖြည်းနှင့်အေးလာနေပြီဖြစ်သော ပါးလေးတွေ၏အထိအတွေ့ကြောင့် သူက
"ပြန်ကြစို့ မှောင်ရင်မကောင်းဘူး...။နေရောင်ပျောက်တော့ အေးလာပြီ..."
"အွန်း ပြန်ကြမယ်..."
သို့နှင့်ပင် အပြန်မှာတော့ သူက Bryan ကို ခပ်သွက်သွက်သာ လျှောက်ခိုင်းလိုက်ကာ ပြန်ခဲ့လိုက်ကြပြီးနောက် ဟိုတယ်ကနေညစာစားပြီး အိမ်ပြန်ရောက်သည်နှင့် ရေနွေးနွေးလေးမှာ အတူစိမ်ချိုး၍ပြီးစီးသွားလျှင်
"သဲလေး ကိုယ် စာဖတ်ခန်းထဲသွားဦးမယ်နော်...။အရင်အိပ်နှင့်လိုက် မစောင့်နဲ့တော့..."
ပြောနေရင်း ဒီရက်ပိုင်းတွေမှာ သိသိသာသာအအေးပိုနေသောရာသီဥတုကြောင့် သူက စောင်ကိုသေချာခြုံပေး၍
"ရာသီဥတုက တဖြည်းဖြည်းအအေးပိုလာပြီ...၊အိပ်နေရင်း စောင်မလွတ်စေနဲ့"
သူမက စောင်ခြုံထဲကနေ သူ့ကိုမော့ကြည့်ကာ
"သိပ်လဲ မအိပ်ချင်သေးဘဲနဲ့ကို ဇွတ်အိပ်ခိုင်းနေတာ...။ကို့ကို စောင့်ဦးမယ်လေ.."
"မစောင့်ပါနဲ့ သဲရယ်...။အိပ်ခိုင်းတာက အပြင်လေအေးတွေထိထားတော့ နွေးသွားအောင်လို့"
VOUS LISEZ
You are the only Exception!
Roman d'amourအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...