Chapter (12) လံုးဝမျဖစ္နိုင္ဘူး /လုံးဝမဖြစ်နိုင်ဘူး

6.1K 985 31
                                    

Zawgyi

လံုးဝမျဖစ္နိုင္ဘူး

စတော်ဘယ်ရီအင်တာတိန်းမန့်ကုမ္ပဏီ၏ဥက္ကဋ္ဌ သည် ပတ်ဝန်းကျင်အခြေအနေကို အကဲခတ်ရင်း တိတ်ဆိတ်သောစင်္ကြံတစ်လျှောက် ဂရုတစိုက် လမ်းလျှောက်လာခဲ့သည်။ ယခင်က သူနှင့်တွေ့ရန် ငြင်းဆိုခဲ့သော မစ္စတာထင်းက အဘယ်ကြောင့် ရုတ်တရက် စိတ်ပြောင်းသွားသလဲဟု မခန့်မှန်းတတ်ပါ ။ထို့ကြောင့် သူသည် လုံးဝသတိလက်လွတ် မနေရဲပေ။ သူသည် ဖျော်ဖြေရေးလောက၌ ရက်သတ္တပါတ်များစွာကြာအောင် ပြဿ      နာများဖြစ်ပေါ်စေခဲ့သော်လည်း ဤလူနှင့်တွေ့ဆုံရန် မည်သည့်အကြောင်းရင်းမှ မရှိပေ။

"ကျေးဇူးပြုပြီး ဥက္ကဋ္ဌစွန်း " အတွင်းရေးမှူးက ချိုသာစွာ ပြုံးကာ လမ်းပြလိုက်သည်။ ဥက္ကဋ္ဌစွန်းက သူမကို ကျေးဇူးတင်ကြောင်းပြောကာ အဝတ်များကို သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပြီး တံခါးခေါက်လိုက်သည်။

အတွင်းဘက်မှ တံခါးဖွင့်လာပြီး အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် လေးနက်သည့်လူတစ်ယောက်ထွက်လာသည်။ "ဥက္ကဋ္ဌစွန်း ၊ ကျေးဇူးပြုပြီး ငါနဲ့လိုက်ခဲ့ပါ။ "

"ကျေးဇူးပါ အထူးလက်ထောက်ချင် " ဥက္ကဋ္ဌစွန်းက နှိမ့်ချသည့်အပြုံးလေးနှင့် ကျေးဇူးတင်စကား ပြောပြီး အထူးလက်ထောက်ချင် နောက်သို့ လိုက်သွားခဲ့သည်။

ထိုင်ခုံနောက်တွင် ထိုင်နေသည့်လူသည် အဘက်ဘက်မှ သာလွန်ပြည့်စုံနေ၏ ။ သူ့မျက်နှာကို ကြည့်ရုံနှင့် သူ့အတွေးများကို မခန့်မှန်းနိုင်ချေ ။ သို့သော် ယခုအချိန်တွင် မည်သူကမှ သူ့အား သူတို့၏စိတ်ထဲရှိ အတွေးများကို ပြောပြဝံ့မည်မဟုတ်ပေ။

"ဥက္ကဋ္ဌစွန်း ၊ ထိုင်ပါ" ထိုလူသည် အလွန်တည်ငြိမ်ပုံရသည်။ သူ့ကိုဝတ္ထုများတွင် 'ရေခဲကဲ့သို့ အေးသက်နေသည့်မျက်ဝန်းတစ်စုံ' သို့မဟုတ် 'ပြတ်သားသော' ဟုဖော်ပြလိမ့်မည်ဖြစ်သော်လည်း ဥက္ကဋ္ဌစွန်း ထိုင်ချလိုက်သည်နှင့် သူသည်ရဲရဲမထိုင်ဝံ့ဘဲ ရှေ့သို့ပင် မတိုးရဲတော့ပေ ။

"ကျေးဇူးတင်ပါတယ် မစ္စတာထင်း"

ထိုပုဂ္ဂိုလ်သည် သူ့အား မစ္စတာရှုဟုခေါ်သည်ကို မကြိုက်ကြောင်း လူတိုင်းသိကြ၏ ။ထို့ကြောင့် လူတိုင်းက သူ့အား မစ္စတာထင်းဟု တိတ်တဆိတ် ရည်ညွှန်းပြောဆိုကြသည်။ ဤနာမည်က အနည်းငယ်ထူးဆန်းသော်လည်း လူတိုင်းက လျစ်လျူရှုထားလိုက်ကြ၏ ။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Nơi câu chuyện tồn tại. Hãy khám phá bây giờ