Chapter (1) Unicode အလွန်ပျော်ရွှင်နေပါတယ်

13.7K 1K 15
                                    

အလွန် ပျော်ရွှင်နေပါတယ်

မှိန်ဖျော့ဖျော့ လမ်းထောင့်တစ်ခုတွင် အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားသော လူငယ်သည် အေးစက်မာကျောနေသည့် ပေါင်မုန့်ကို ကိုင်လျက် သူ့ပါးနှစ်ဖက်သည်လည်း ပေါင်မုန့်များဖြင့် ဖောင်းကားနေသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ကြမ်းတမ်းသည့်အသွင်ပေါက်နေသော်လည်း လှပပြီးအရုပ်ဆိုးသွားခြင်းမရှိပေ ။ထိုပုံကို မြင်တွေ့သူတိုင်း သူ၏ခါးသီးမှုနှင့်စိတ်ဓါတ်ကျမှုများကို ကိုယ်ချင်းစာနေမည်ဖြစ်သည်။

ဘုရားသခင်က သူအရှက်ကွဲသည်ကို မလုံလောက်သေးဟု ထင်နေပုံပင်။ ထိုအချိန်မှာပဲ ရုတ်တရက် မိုးရွာလာသည်။ လူငယ်လေးသည် အမိုးတံစက်မြိတ်အောက်သို့ အမြန်ပြေးသွားပြီး ကျန်သည့်ပေါင်မုန့်တစ်ဝက်ကို ပါးစပ်ထဲ အလျင်အမြန်ထည့်လိုက်၏ ။ သူ့ပါးပြင်ပေါ်သို့ မိုးရေများကျဆင်းလာသည်။ မိုးရေအောက်တွင် ချွေး သို့မဟုတ် မျက်ရည်များ ကျလာသည်ကို ခုခံနိုင်စွမ်းမရှိတော့ပေ။

"အိုကေ ။ နောက်ထပ်ကင်မရာနှစ်လုံးနဲ့ ထပ်ရိုက်ပြီးရင် ငါတို့ ပြီးပြီ "

ဒါရိုက်တာက ရပ်ရန် အော်လိုက်သည့်အချိန်တွင် ရေဖြန်းစက်များ ပိတ်သွားပြီး ရိုက်ကူးရေးလက်ထောက်က ရေစိုနေသည့်သရုပ်ဆောင်ဆီသို့ အလျင်အမြန် လမ်းလျှောက်လာသည်။

လက်ထောက်သည် ရိုက်ကွင်းအတွက်ပြင်ဆင်ထားသည့် လီကျောင်းပါးစပ်ထဲရှိဝါးလက်စ ပေါင်မုန့်ခြောက်ကို ကြည့်ရင်း
"ဆရာလီ ပေါင်မုန့်ကို အမှိုက်ပုံးထဲ ထွေးထုတ်လိုက်ပါလား"ဟု ပြောလိုက်သည်။

"ကျေးဇူးပါ ။ကျွန်တော်အဆင်ပြေပါတယ် "
လီကျောင်းသည် မတ်တပ်ရပ်လျက် လက်ထောက်မှ ပေးလာသည့် ရေနွေးကို ယူလိုက်သည်။ သူက ပါးစပ်အပြည့် နှစ်ငုံသောက်လိုက်ပြီး နောက်ဆက်တွဲအခန်းများ ရိုက်ကူးရာတွင် အမှားအယွင်းမရှိစေရန် သူ၏အဝတ်အစားအပြင်အဆင်ကို ပြုပြင်ပေးမည့် stylist ကို စောင့်နေခဲ့သည်။

လီကျောင်းလက်မှ ခွက်ကိုမယူမီ လက်ထောက်က ရယ်ရယ်မောမောနှင့် "ရပါတယ် "ဟု ဆိုကာ ဒါရိုက်တာအနားသို့ ပြန်သွားသည်။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now