Chapter (78) Z+U တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရလဒ်/ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရလဒ္

3.7K 761 45
                                    

Zawgyi

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရလဒ်များ

လီကျောင်းသည် ရေတစ်ဘူးလုံးကို တစ်ကျိုက်တည်း သောက်လိုက်ပြီးမှသာ စိတ်ထဲတွင် တည်ငြိမ်သွားခဲ့သည်။

"တော်တော်လေး ရေဆာနေတာလား။" ရန်ထင်းက ရေခဲသေတ္တာလေးထဲမှ အအေးဘူးကို ယူကာ လီကျောင်းအား ပေးလိုက်သည်။

"ဟုတ်တယ် ငါနည်းနည်း ရေငတ်နေလို့။" လီကျောင်းက အအေးဘူးကို သူ့မျက်နှာပေါ် ကပ်ပြီး စိတ်တည်ငြိမ်သွားအောင် လုပ်လိုက်၏။

သူနိုးနိုးကြားကြား ရှိလာသော်လည်း သူ့စိတ်ထဲတွင်မူ "ရန်ထင်းက တကယ်ကြည့်ကောင်းတာပဲ။" ဟု အော်ဟစ်နေမိသည်။

ညနေခင်းတွင် ချိစ်ပုဇွန်ဟင်းလျာကို စားပြီးနောက် လီကျောင်းသည် ရေချိုးကာ တခယ် သူ့အတွက် ဝယ်ပေးထားသည့် mask ကို ကပ်ရင်း အခန်းထဲတွင် ပုန်းနေခဲ့သည်။ 'အသားအရေကို မထိန်းသိမ်းတဲ့ အနုပညာရှင်တစ်ယောက်ဟာ အရည်အချင်းမပြည့်မီဘူး' ဟု တခယ်က သူ့ကို ပြောခဲ့၏။ ထို့ကြောင့် သူသတိရသည့်အခါတိုင်း သူ့အတွက် တခယ်ရေးပေးထားသော အချက်များကို လိုက်နာရလိမ့်မည်။

mask ကို ဖြုတ်လိုက်သည်နှင့် ဖုန်းမြည်လာခဲ့သည်။

လီကျောင်း ဖုန်းကိုင်လိုက်သောအခါ ဖုန်းအတွင်းမှ စုန့်ယွီ၏အော်သံအကျယ်ကြီးကို ကြားလိုက်ရ၏။

"လီကျောင်း………"

"အစ်ကိုစုန့် နောက်ကျနေပြီ။ မအိပ်သေးဘူးလား…။”

"ဘာလို့ သောက်ရေးမပါတဲ့ အိပ်တဲ့အကြောင်းတွေ ပြောနေတာလဲ။ ငါမေးဦးမယ်၊ မင်းမှာ ချန်ဟွမ်းဥက္ကဋ္ဌရဲ့ အထူးလက်ထောက် ချင်ရှောင်းနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိလား။"

"ဘာဖြစ်လို့လဲ။" လီကျောင်းက ဘေစင်တွင် ငုံ့ကိုင်းရင်း မျက်နှာသစ်လိုက်သည်။

စုန့်ယွီသည် လီကျောင်း၏ တည်ငြိမ်သော အသံကို ကြားလိုက်ရပြီး ဒေါသထွက်သွားသည်။ “ဒီနေ့ တစ်စုံတစ်ယောက်က မင်းနဲ့ ချင်ရှောင်းအကြောင်း သက်သေတွေကို ငါ့ကုမ္ပဏီရဲ့ ဈေးကွက်ရှာဖွေရေးအကောင့်ဆီ ပို့လာတယ်လေ။ ငါ မင်းအတွက် အဲ့ကိစ္စကို ဖုံးဖိပေးထားတယ်။" 

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now