Ahhh……
ဝတ်စုံပြည့်ဝတ်ထားသည့် လူများ၏အပြုအမူများက အေးစက်လွန်းသောကြောင့် လေထု အနည်းငယ် တင်းမာနေသည်။ ကြမ်းပြင်ပေါ်တွင် လဲနေသော သက်လတ်ပိုင်းလူက နာကျင်နေသည့်အသံပြုလိုက်၏ ။ စက္ကန့်အချို့ကုန်လွန်ပြီးနောက် လီကျောင်းသည် ထိုလူများက သူ့ကိုသံသယဝင်နေသည်ဟုထင်လိုက်မိ၏ ။သက်တော်စောင့်များသည် ကြမ်းပြင်ပေါ်တွင် လဲနေသော သက်လတ်ပိုင်းလူကို ခါးကိုင်းကာမလိုက်ပြီး သူ့အား ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။
သူတို့သည် ထိုလူကို သယ်ပြီး ဝေးဝေးမသွားကြချေ။ သက်တော်စောင့်တစ်ယောက်က ခြေချော်သွားသဖြင့် သက်လတ်ပိုင်းအမျိုးသားခေါင်းက နံရံကို တိုက်မိသံ ကြားလိုက်ရသည်။ ဤတစ်ခါတွင်တော့ သတ်လတ်ပိုင်းလူက သတိလစ်သွားသဖြင့် အသံမထွက်ခဲ့ပေ။
သူဌေးရဲ့သက်တော်စောင့်တွေက ဒီလောက် ကြမ်းတမ်းသလား။ လီကျောင်းသည် အသက်ဝဝရှုလိုက်ပြီး နောက်သို့နှစ်လှမ်းဆုတ်လိုက်ရာ စားပွဲထိုးကို တိုက်မိလိုက်သည်။
"ငါသေမှာကြောက်တယ်"
လီကျောင်းသည် နားထင်ကို ပွတ်လိုက်သည်။သူက ဝိုင်ခွက်အနည်းငယ်သောက်ထားသောကြောင့် အနည်းငယ်မူးဝေနေသည်။ သူကစားပွဲထိုးပုခုံးပေါ် လက်တင်လိုက်ပြီး
"မြန်မြန်လေးသွားကြရအောင်" ဟု ပြောခဲ့၏ ။ထိုလူသည် လီကျောင်း ထိလိုက်သောပုခုံးကိုကြည့်ကာ ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် လီကျောင်း နောက်သို့လိုက်လာခဲ့သည်။
“ ကံသီပေလို့ သူတို့အမှားတစ်ခုမှ မတွေ့သွားတာ ။ ငါသူတို့သုံးယောက်ကို နိုင်အောင်မချနိုင်မှာကြောက်တယ် "
လီကျောင်းက စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ပြီး တီးတိုးပြောခဲ့သည်။
"အကယ်၍ တစ်ယောက်ယောက်က မင်းကိုဒီအကြောင်းမေးရင် မင်းဘာမှမသိဘူးလို့အခိုင်အမာပြောရမယ်။ နားလည်လား"
ထိုလူက သူ့ကိုနှစ်စက္ကန့်မျှ ငေးကြည့်ပြီး ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။
"ဒါအမှန်ပဲ။"
လီကျောင်းက ကျေနပ်စွာပြုံးလိုက်သည်။“ငါတို့က ပိုက်ဆံရှာဖို့ ဒီကိုလာခဲ့တာ။ ဒီတခါတော့ မိုက်မဲပြီး အရေထူချင်ယောင်ဆောင်ရမယ်။အရှက်ကွဲမှာကို သိပ်ပူပန်မနေနဲ့။ ”
![](https://img.wattpad.com/cover/281680620-288-k372119.jpg)
VOUS LISEZ
ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ [Myanmar translation]
Roman d'amourZawgyi လီကျောင်းသည် ဆင်းရဲနွမ်းပါးသော အသက်၂၀အရွယ် သရုပ်ဆောင်တစ်ဦးဖြစ်ပြီး နောက်ထပ်တစ်နပ်စာ မည်သည့်နေရာမှရမလဲ ဟု တွေးတောနေရသူဖြစ်သည်။ တစ်ယောက်တည်း မွေးဖွားကြီးပြင်းလာပြီးနောက် လီကျောင်းသည် မိသားစုအဖြစ်မှတ်ယူထားသည့်သူများအတွက် ပိုက်ဆံရှာဖွေနေရစဉ်တွင်...