Chapter (76-2) Z+U အင်တာဗျူး

3.5K 717 23
                                    

Zawgyi

အင်တာဗျူး

စာမေးပွဲပြီးသည့်နောက်တစ်နေ့တွင် လီကျောင်းက ရန်ထင်းနှင့် သူ့သူငယ်ချင်းများကို ဟော့ပေါ့စားရန် ဆွဲခေါ်သွားသည်။ ဤရက်ပိုင်း၌ ပေါ့ရွှတ်ရွှတ်အရာများသာ စားခဲ့ရသဖြင့် အစပ်အရသာက မည်သို့ဖြစ်ကြောင်း မေးသွားလုနီးနီးပင်။

သူ့သူငယ်ချင်းအကုန်လုံးနှင့် အတူတူ ဆုံတွေ့ရသဖြင့် လီကျောင်းမှာ စိတ်လှုပ်ရှားလျက်ရှိသည်။ ပုံမှန်အားဖြင့် အရက်သောက်လေ့မရှိသူ လီကျောင်းသည် ဖန်ခွက်အနည်းငယ်မျှ ပိုမသောက်ဘဲ မနေနိုင်ခဲ့ချေ။ သူ စားပွဲမှ ထလာသောအခါ လမ်းတောင်ဖြောင့်အောင် မလျှောက်နိုင်တော့ပေ။

"ကျောင်းကျောင်းရဲ့ အရက်သောက်နိုင်စွမ်းက သိပ်မကောင်းဘူး။" ကျူးရှက လီကျောင်းကို ထိန်းထားပြီးနောက် ရန်ထင်းထံ အပ်လိုက်သည်။ "ရှောင်ရန် ၊ မင်းဒီအရက်သမားလေးကို ပြန်ပို့ပေးလိုက်ပါ။"

"ဟုတ်ကဲ့။" ရန်ထင်းက လီကျောင်းကို ကားပေါ် ဂရုတစိုက်မတင်ခင် ကျူးရှနှင့် တခြားသူများကို ပြောလိုက်၏။ "အစ်ကိုတို့ အစ်မတို့အားလုံး ပြန်လို့ရပါတယ်။ ကျွန်တော် ကျောင်းကျောင်းကို ဂရုစိုက်လိုက်ပါ့မယ်။"

ကျူးရှက စကားပြောရန် ရပ်တန့်လိုက်သည်။ သူမက ပြုံးမပြခင် တစ်ခဏမျှ ငြိမ်သက်နပြီး "ကျောင်းကျောင်း ဒီနေ့ အရမ်းပျော်နေတယ်။"

ရန်ထင်းက လီကျောင်း၏ ဦးထုပ်နှင့် အကျီကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ပေးရန် ခါးကိုင်းလိုက်ပြီး မျက်နှာမှာ အနည်းငယ်နူးညံ့နေခဲ့သည်။

သူ့အကြည့်ကို သတိထားမိပြီး ကျူးရှ၏အသံမှာ ညင်သာသွားသည်။ "သူ့ကို သေချာလေး ဂရုစိုက်ပြီး သူ့အတွက် အိမ်တစ်လုံး ......ပေးပေးပါ။"

"စိတ်ချပါ။" ရန်ထင်းက သူ့လက်ကို ပြန်ရုတ်လိုက်သည်။ "တခြားသူတွေ ပိုင်ဆိုင်သလိုမျိုး ကျွန်တော်သူ့ကို အကုန်ပေးနိုင်ပါတယ်။ တစ်ခုက လွဲရင်ပေါ့......။"

"ကလေးတစ်ယောက်။"

ကျူးရှက ရယ်လိုက်၏။ "ဒါက ငါတို့အတွက် အရေးမကြီးပါဘူး။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now