Chapter (80-1) Z+U အတိတ် / အတိတျ

3.6K 696 17
                                    

Zawgyi

အတိတ်

"ရှု…ရန်ထင်းလား။"

လီကျောင်းသည် ယိုင်တိယိုင်ထိုးဖြင့် မတ်တပ်ရပ်နေသော အရက်မူးနေသည့် ဒုတိယမျိုးဆက်သူဌေးသားကို ကြည့်ရင်း ရုတ်တရက် ရယ်မောလိုက်သည်။ “သူ ငါ့ကို ဘယ်လောက်ကြာကြာ အကာအကွယ်ပေးမယ်ဆိုတာ အရေးမကြီးပါဘူး။ အနည်းဆုံးတော့ သူက ဒီနေ့ ငါ့ကို ကာကွယ်ပေးလိမ့်မယ်။"

ဒုတိယမျိုးဆက်သူဌေးသားက လှောင်ပြောင်လိုက်သည်။ “သူ့ရုပ်ရည်ကို အားကိုးနေတဲ့ အရှက်မရှိတဲ့ကောင်ကများ…။"

"ငါ့ကိုကာကွယ်ပေးမယ့်သူရှိတယ်၊ ပြီးတော့ မင်းအဲဒီလူကို ရန်စဖို့မတတ်နိုင်ဘူးဆိုတာသိပေမယ့် ဒီလိုပြောနေတုန်းပဲလား။" လီကျောင်းက ဒုတိယမျိုးဆက်သူဌေးသားကို ဆွဲထုတ်ရန် ကြိုးစားရင်း ပြောလိုက်၏။ "ဦးနှောက်မကောင်းဘူးလား။"

ကောင်မလေးက နဂိုက ကြောက်ရွံ့နေသော်လည်း လီကျောင်း၏စကားကို ကြားသည်နှင့် မရယ်ဘဲ မနေနိုင်ဖြစ်သွားသည်။ 'ရယ်ရမလား ငိုရမလား မသိပေမဲ့ ဒါက နည်းနည်းတော့ ရယ်စရာကောင်းတယ်။'

“မင်းက ငါ့ကိုများ ရယ်ရဲတယ်ပေါ့…” ဒုတိယမျိုးဆက်သူဌေးသားသည် ပုံမှန်အချိန်တွင် ရှုရန်ထင်းကို ရန်စဝံ့မည် မဟုတ်သော်လည်း အရက်က သူ့အား အကန့်အသတ်မရှိသောသတ္တိများ ပေးခဲ့သည်။ "ငါ မင်းကို မျက်နှာ သာ မပေးခဲ့ဘူးလား။"

ဒုတိယမျိုးဆက်သူဌေးသားက ဒေါသတကြီးဖြစ်လျက် ကလေးမလေး၏ရှေ့တွင် ရပ်နေသော လီကျောင်းအား ခြေထောက်မြှောက်၍ကန်လိုက်သည်။

"ဟေး…မင်းဘာလုပ်တာလဲ။" တခယ်က အမြန်ပြေးသွားသော်လည်း လီကျောင်းက ပိုမြန်လေ၏။ သူက ဒုတိယမျိုးဆက်သူဌေးသား၏ဝမ်းဗိုက်ကို ကန်လိုက်သဖြင့် ထိုလူမှာ ရေစိုနေသည့်ကြွက်စုတ်ကဲ့သို့ လိမ့်ပြီး မြေကြီးပေါ်လဲကျသွားသည်။

“အား…။” ဒုတိယမျိုးဆက်သူဌေးသားက အော်ဟစ်လိုက်သည်။

လီကျောင်းက မရပ်တန့်ပေ။ ဒီလူကို ကန်ကျောက်ပြီး စော်ကားမိပြီဆိုမှတော့ ဆက်ရိုက်တာပဲ ပိုကောင်းတယ်။

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now