Zawgyi
ဆုရခြင်း
ဤကဲ့သို့ပါတီမျိုးက ဆုပေးလေ့ရှိသည်။ အဆင့်အတန်း မမြင့်သော်လည်း ပျော်ရွှင်မှုအတွက် ရည်ရွယ်ပေသည်။
လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသော အမျိုးသမီးဥက္ကဋ္ဌ သည် Green Pepper Video တွင် သီးသန့်ပြသထားသည့် အွန်လိုင်းဒရာမာတစ်ကားဖြစ်သောကြောင့် ဆုပေးပွဲအခမ်းအနားတွင် ဆုရရန် နေရာတစ်နေရာရရှိမည်ဖြစ်သည်။
လူအများကို ထူးဆန်းသည်ဟု ခံစားရစေသော အချက်မှာ ဤအွန်လိုင်းဒရမ်မာ၏ အမျိုးသမီးဇာတ်လိုက်နှင့် တတိယအမျိုးသားဇာတ်ဆောင်တို့ ပါတီပွဲတွင် ပေါ်မလာခြင်းဖြစ်၏။ ရိုက်ကူးရေးအဖွဲ့နှင့် ပလက်ဖောင်းဘက်မှ သူတို့အား မေ့လျော့သွားသကဲ့သို့ပင်။
အဆုံးတွင် လီကျောင်းသည် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သည့်အတွက် မည်သူမှ အံ့သြသွားခြင်းမရှိချေ။ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသော အမျိုးသမီးဥက္ကဋ္ဌ သည် Green Pepper ဗီဒီယိုအတွက် အကျိုးကျေးဇူးများစွာကို ယူဆောင်လာခဲ့သည်။ ယခုဒရာမာတွင် လီကျောင်း၏သရုပ်ဆောင်အရည်အချင်းက ထူးခြားပြောင်မြောက်ပြီး Green Pepper Video နှင့် လီကျောင်းတို့၏ဆက်ဆံရေးက ကောင်းမွန်ကြောင်း နယ်ပယ်တစ်ခုလုံးက သိရှိကြ၏။ ထို့ကြောင့် ၎င်းက ပုံမှန်သာဖြစ်သည်။
ရှုပေသည် လက်မြှောက်ပြီး လက်ခုပ်တီးရန် ကြိုးပမ်းနေစဉ် သူ့မျက်နှာထက်ရှိ အမူအရာကို မထိန်းနိုင်လုနီးပါး ဖြစ်သွားသည်။
"ကျွန်တော့်ကို ဒီဆုပေးခဲ့တဲ့ ဆရာမနှစ်ယောက်နဲ့ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသော အမျိုးသမီးဥက္ကဋ္ဌရဲ့ သရုပ်ဆောင်အဖွဲ့ဝင်အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကျေးဇူးအတင်ချင်ဆုံး လူနှစ်ယောက်လည်း ရှိပါတယ်။ ခေါက်ဆွဲဆိုင်ဖွင့်ဖို့ မခေါ်သွားတဲ့အတွက် ကျွန်တော့်ရဲ့ အေးဂျင့်ကျန်းရှောင်ယွမ်ကို ကျေးဇူးတင်ချင်ပါတယ်၊ သူပေးခဲ့တဲ့ အရသာရှိတဲ့ အစားအစာအတွက် စုန့်ယွီကို ကျေးဇူးတင်ချင်ပါတယ်။"
ကင်မရာက စုန့်ယွီဘက်သို့ လှည့်လာပြီး စုန့်ယွီက သူ့မျက်နှာကို တိတ်တိတ်လေး ဖုံးအုပ်ထားလိုက်၏။ သူသည် ဤပုံစံဖြင့် သူ၏တည်ရှိမှုကို အမှန်တကယ် မဖော်ပြချင်ပါ။ ထိုအခြင်းအရာကြောင့် ခန်းမတစ်ခုလုံး ရယ်မောသွားကြသည်။ ထိုအချိန်တွင် ရှုပေသည် ၎င်း၏ဖုန်းကို ထုတ်ကာ ဇီကျားအင်တာတိန်းမန့်၏လူငယ်ဒါရိုက်တာထံ မက်ဆေ့ခ်ျ ပို့လိုက်သည်။

أنت تقرأ
ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ [Myanmar translation]
عاطفيةZawgyi လီကျောင်းသည် ဆင်းရဲနွမ်းပါးသော အသက်၂၀အရွယ် သရုပ်ဆောင်တစ်ဦးဖြစ်ပြီး နောက်ထပ်တစ်နပ်စာ မည်သည့်နေရာမှရမလဲ ဟု တွေးတောနေရသူဖြစ်သည်။ တစ်ယောက်တည်း မွေးဖွားကြီးပြင်းလာပြီးနောက် လီကျောင်းသည် မိသားစုအဖြစ်မှတ်ယူထားသည့်သူများအတွက် ပိုက်ဆံရှာဖွေနေရစဉ်တွင်...