Chapter (81-1) Z+U မဝံ့ရဲပါ / မဝံ့ရဲပါ

3.6K 725 41
                                    

Zawgyi

မဝံ့ရဲပါ

ချန်ဟွမ်းဌာနချုပ်သည် ကြီးကျယ်ခမ်းနားစွာ လည်ပတ်နေသော နေရာတစ်ခု ဖြစ်သည်။ ညဘက်များ၌ပင် ဓာတ်လှေကား စောင့်နေကြသော ဝန်ထမ်းများစွာ ရှိနေဆဲ ဖြစ်၏။ သူတို့သည် လက်ရာမြောက်သော ပရော်ဖက်ရှင်နယ်ဝတ်စုံများကို ဝတ်ဆင်ထားပြီး ခေါင်းအစ ခြေအဆုံး အထက်တန်းစားအငွေ့အသက်များ လွှမ်းခြုံထားကြသည်။

ထိုသူများမှာ အလျင်လိုနေကြ၏။ ဓာတ်လှေကားတံခါးပွင့်သွားသည်နှင့် တိတ်တဆိတ် ဝင်သွားကြသည်။ လီကျောင်းက သူတို့နောက်မှ လိုက်သွားသော်လည်း နောက်ဆုံးလူဝင်လာချိန်တွင် ဓာတ်လှေကားမှာ အသံမြည်လာခဲ့သည်။

လီကျောင်းသည် ရှက်ကိုးရှက်ကန်းဖြစ်နေသည့် နောက်ဆုံးလူကို ငေးကြည့်ကာ ဓာတ်လှေကားထဲမှ တိတ်တိတ်လေး ထွက်လာခဲ့သည်။ ဟုတ်တယ်၊ သူတို့က ရန်ထင်းအတွက် ပိုက်ဆံရှာပေးနေတဲ့ လူတွေဆိုတော့ သူတို့အပေါ် စေတနာထားတာ အကောင်းဆုံးပဲ။

လီကျောင်းသည် နောက်လာမည့် ဓာတ်လှေကားကို စောင့်လိုက်သည်။ ဤတစ်ကြိမ်၌ လီကျောင်းသည် ဓာတ်လှေကားတစ်နေရာအတွက် အလျှော့ပေးရန် မလိုတော့ချေ။ ဓာတ်လှေကားထဲရှိလူများမှာ ဝင်ရင်းထွက်ရင်းနှင့် နောက်ဆုံးတွင် သူနှင့် ရုံးဝတ်စုံဝတ်ထားသည့် သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်သာ ကျန်ခဲ့သည်။ 

"မင်းက ကုမ္ပဏီကလူမဟုတ်ဘူး။" သက်လတ်ပိုင်းအမျိုးသမီးက လီကျောင်း၏မျက်နှာအား တင်းတင်းကြပ်ကြပ် ဖုံးကာထားသည်ကို မြင်သဖြင့် လီကျောင်းသွားနေသည့် အထပ်နံပါတ်ကို ညွှန်ပြလိုက်သည်။ "ဒီမှာ မင်းကို အလျင်စလို မလုပ်ဖို့ ငါ အကြံပေးလိုက်မယ်။"

"ဘာလို့လဲ။" လီကျောင်းက စိတ်ဝင်တစား မေးလိုက်သည်။

"ချန်ဟွမ်းမှာ ပရော်ဖက်ရှင်နယ် သက်တော်စောင့်တွေ ရှိတယ်။" အမျိုးသမီးသည် လီကျောင်း၏ ၀တ်စားဆင်ယင်မှုကို ကြည့်ပြီး စကားဆက်မပြောမီ ဘာမှမဖုံးကွယ်ထားသင့်ဟု ဆုံးဖြတ်ခဲ့၏။ “အားကောင်းတဲ့ ရှေ့နေအဖွဲ့လည်း ရှိတယ်။”

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now