Chapter (92-1)

2.2K 326 20
                                    

Zawgyi

နောက်​နှစ်​ရက်​​လောက်​အထိ လီကျောင်းမှာ သူ့​ကိုယ်သူ မူမမှန်ဖြစ်နေသည်ဟု အမြဲခံစား​နေမိသည်။ ထိုအခြင်းရာကို ရန်ထင်းအား မမြင်စေချင်သည့်အတွက် သူ၏အစွမ်းထက်သည့် သရုပ်ဆောင်စွမ်းရည်ကို အသုံးပြုပြီး ပုံမှန်ကဲ့သို့ ဟန်ဆောင်နေခဲ့သည်။ အပြန်ခရီးတွင် လီကျောင်း အနည်းငယ် ဝမ်းသာသွားသည်။ ရိုက်ကူးရေးအဖွဲ့ထဲ ပြန်ရောက်သည်နှင့်၊ သူသည် ရန်ထင်းနှင့် ပိုဝေးသွားကာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပေလိမ့်မည်။ လေယာဉ်ထွက်ခွာလာပြီးနောက် သာယာလှပသော ကျွန်းနှင့် ပိုမိုအလှမ်းကွာလာခဲ့သည်။ လီကျောင်းက ပြတင်းပေါက်မှ လှမ်းကြည့်ရင်း ဤနေရာမှ ထွက်ခွာရန် အနည်းငယ် ဝန်လေးနေခဲ့သည်။

"ဒီနေရာကို ကြိုက်လား။" ရန်ထင်းက လက်တစ်ဖက်ကို လီကျောင်းပုခုံးပေါ် တင်လိုက်သည်။

“အာ… အမ်…” လီကျောင်းက သူ့ပုခုံးပေါ်ရှိ လက်ကို ကြည့်ပြီး နှုတ်ခမ်းကို စုဝိုင်းလိုက်မိသည်။

"ကျောင်းပိတ်ရက်ရောက်ရင် ငါမင်းကို လိုက်ပို့ပေးမယ်။" ရန်ထင်းသည် သူ့လက်ကို လီကျောင်းပုခုံးမှ ခွာလိုက်သည်။ “ဒီကျွန်းကို ထိန်းသိမ်းဖို့အတွက် နှစ်တိုင်း ပိုက်ဆံကုန်တယ်။ မင်းသာ လာမကစားရင် တကယ်ကို အလဟသဖြစ်သွားမှာ။"

ကျွန်းသည် ပို၍ပို၍ ဝေးလာကာ ယခုအခါတွင် အစက်တစ်ခုသာသာ ဖြစ်လာသည်။ “ဒီကျွန်းကို ထိန်းသိမ်းဖို့ အများကြီး ကုန်ကျမှာလား။”

“မများပါဘူး။” ရန်ထင်း မတ်တပ်ရပ်လိုက်သည်။ "ငါ အိမ်သာသွားဦးမယ်။ အိပ်ငိုက်နေရင် အနောက်ခန်းမှာ ခဏသွားအိပ်လိုက်နော်။"

လီကျောင်းသည် ခဏမျှ စကားမပြောနိုင်ဘဲ သူ့နောက်ကျောကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေစဉ် ရန်ထင်းက ထွက်သွားလေသည်။

"ကျောင်းကျောင်း" အစ်မရှသည် လီကျောင်းဆီသို့ လျှောက်သွားပြီး သူ့ကို စိုးရိမ်သောကဖြင့် ကြည့်နေသည်။ "ရန်ထင်းနဲ့ ပတ်သက်ပြီး အဆင်မပြေဖြစ်နေလား။"

လီကျောင်းက ခေါင်းခါလိုက်ပြီး "မဟုတ်ပါဘူး။"

"ပြီးခဲ့တဲ့နှစ်ရက်က မင်းအရမ်းထူးဆန်းနေတယ်။" အစ်မရှ သက်ပြင်းချလိုက်၏။ “အစ်မက မင်းကို ကူညီပေးချင်မှကူညီပေးနိုင်လိမ့်မယ် ဒါပေမဲ့ တစ်ခုတော့ အစ်မပြောချင်တယ်။ ရန်ထင်းက မောင်လေးစိတ်ကြိုက် အရာရာကို လုပ်ခွင့်ပေးတယ်။ မင်းကို အလိုလိုက်ပေးတဲ့သူအပေါ် ခုခံမနေပါနဲ့။ မဟုတ်ရင် မင်းက ကျိုးကြောင်းမဆီလျော်တဲ့သူ ဖြစ်သွားလိမ့်မယ်။"

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: May 09 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Dove le storie prendono vita. Scoprilo ora