Chapter (57-2) Z+U ထုတ်လွှင့်ပြသခြင်း / ထုတ်လွှင့်ပြသခြင်း

3.9K 804 11
                                    

Zawgyi

ထုတ်လွှင့်ပြသခြင်း

လီကျောင်းနှင့် အခြားဧည့်သည်များ နောက်ဆုံး ရွာသို့ပြန်ရောက်လာချိန်၌ မှောင်စပြုနေပြီဖြစ်သည်။ ပရိုဂရမ်အဖွဲ့သည် သူတို့ကို ရွာသားများ၏အိမ်သို့ အစားအသောက် မတောင်းခိုင်းတော့ချေ။ ထို့အစား သူတို့အတွက် ထမင်းတစ်နပ် ပြင်ဆင်ထားခဲ့သည်။

ကန်စွန်းဥဆန်ပြုတ်သည် ချိုမြိန်ပြီး နူးညံ့လှ၏။ လီကျောင်းက သုံးပန်းကန်လုံးကို တစ်ခါတည်းစားသောက်လိုက်ပြီး ကင်မရာနှင့် သူ၏နတ်သားပုံရိပ်အတွက်သာ မဟုတ်ပါက နောက်ထပ်တစ်ပန်းကန် နှစ်ပန်းကန်မျှ စားမိမည်ဖြစ်သည်။

"ရွာသားတွေကို ကန်စွန်းဥကူရောင်းပေးလို့ မင်းတို့ကို ကျေးဇူးတင်ပါတယ်။ ငွေတွေကို ရွာသူကြီးဆီ လွှဲပေးလိုက်ပါပြီ။ ပြီးတော့ ဒီအစီအစဉ်ကို အများကြီးကူညီပံ့ပိုးပေးခဲ့တဲ့ ဖိန်းဖိန်းနွားနို့နဲ့ ပိုင်ယွမ်မော်တော်ကားကုမ္ပဏီကိုလည်း အထူးကျေးဇူးတင်ပါတယ်။ စပွန်ဆာတွေက ဒီတစ်ကြိမ် ဖျော်ဖြေမှုအပေါ် အရမ်းသဘောကျကြပြီး ကျေးလက်လမ်းတွေဖောက်လုပ်ဖို့အတွက် ဒေသန္တရအစိုးရကို ယွမ်တစ်သန်း လှူဒါန်းဖို့ ဆန္ဒရှိနေကြပါတယ်။"

"ကျေးဇူးတင်ပါတယ် စပွန်ဆာဖေဖေ။ စီးပွားလာဘ်လာဘပေါရွှင်ပြီး လတိုင်း ရောင်းအားတိုးပါစေလို့ ဆုတောင်းပေးပါတယ်။" လီကျောင်းက ခွက်ကို ကောက်ကိုင်ကာ ကင်မရာကို ကြည့်ရင်း တစ်ခွက်သောက်လိုက်သည်။

"စပွန်ဆာဖေဖေက ကမ္ဘာပေါ်မှာ အကြင်နာတတ်ဆုံးစပွန်ဆာပါပဲ။" ကျန်းခွိုက်သည် လီကျောင်းဘေးတွင်ရှိနေပြီး လီကျောင်းနှင့်အတူ ကင်မရာကိုဆွဲယူလိုက်၏။

စားပြီးသည်နှင့် လူတိုင်း လမ်းလျှောက်ပြန်ကြသည်။ သူတို့ဖြတ်သွားသောအခါ ခွေးဟောင်သံကို ကြားလိုက်ရ၏။ ကျန်းခွိုက်သည် အနည်းငယ် ကြောက်ရွံ့သွားပြီး မသိစိတ်အရ ကိုယ်ကိုကျုံ့ကာ လီကျောင်းနားသို့ ကပ်လာခဲ့သည်။ "ရှောင်လီ၊ မင်း ခွေးဟောင်သံ ကြားရလား။"

"ဟုတ်တယ်၊ ကျွန်တော်ကြားလိုက်တယ်။" လီကျောင်းက ထောင့်တစ်နေရာကို ညွှန်ပြလိုက်သည်။ "အဲဒီမှာ မဟုတ်ဘူးလား။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now