Chapter (88-2) Z+U

2.6K 478 20
                                    

Zawgyi

ယောင်ယိကွမ်းသည် ယခုတလော အလွန် လန်းဆန်းတက်ကြွလျက် ရှိသည်။ ကောင်းမိသားစုပိုင်ကုမ္ပဏီမှာ လတ်တလော အကျပ်အတည်းနှင့် ရင်ဆိုင်ရပြီး စီးပွားရေးလုပ်ငန်းများမှ နှုတ်ထွက်သွားသည်။ မကြာသေးမီကပင် သူသည် အမြတ်အစွန်းများသော အမှာစာနှစ်ခု ရရှိခဲ့၏။ ၎င်းက ဟိုတယ်တွင် ဖြစ်ပျက်ခဲ့သမျှကို ရန်ထင်းသိသွားသောကြောင့် ဖြစ်မည်ဟု သူ ခန့်မှန်းမိသည်။

ဒီလိုမှမဟုတ်ရင် ကောင်းမိသားစုက ဒီလောက်သနားစရာကောင်းနေမှာ မဟုတ်ဘူး။

သူတို့က ကောင်းကောင်းမွန်မွန် နေရရဲ့သားနဲ့ ရန်ထင်းရဲ့လူကိုမှ သွားပြီး စော်ကားရလား။ ဒါကသေလမ်းရှာနေတာ မဟုတ်ဘူးလား။

"တစ်ခါသေဖူး ပျဉ်ဖိုးနားလည်" ဆိုရိုးကဲ့သို့ပင်။ သူသည် ဘဝ၏တန်ဖိုးကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ပြီး သူနှင့် သူ့မိသားစု ကောင်းကောင်းမွန်မွန် ဆက်လက်နေထိုင်နိုင်ရန်အတွက် ဘာမှမလုပ်ခြင်းဟူသော နိယာမကို လိုက်နာခဲ့သည်။

သူက ယခု စိတ်ကောင်းဝင်နေပြီး အစာစားချင်စိတ်လည်း ပြင်းပြလျက် ရှိ၏။ သူက သူ၏ဆိုးဖော်ဆိုးဖက် သူငယ်ချင်းတစ်ချို့ကို စည်ကားသောဘားတစ်ခုသို့ ဖိတ်ခေါ်ရန်ပြင်နေစဉ် ဖုန်းနံပါတ်အစိမ်းတစ်ခု ဝင်လာခဲ့သည်။

"ဘယ်သူလဲ။" သူက စိတ်မရှည်တော့ချေ။  သူ့ကိုယ်ပိုင်နံပါတ်ကို ခေါ်ရလောက်တဲ့အထိ ဘယ်သူကများ အတင့်ရဲနေတာလဲ။

"ငါပါ။ လီကျောင်း…"

"မင်္ဂလာပါ မစ္စတာလီကျောင်း။ မင်္ဂလာပါ။ မင်္ဂလာပါ။" ယောင်ယိကွမ်းက အမှတ်တမဲ့ ဦးညွတ်လိုက်မိသည်။ "ဘာပြောစရာရှိလို့လဲခင်ဗျ။"

"နေ့လည်ကျရင် အချိန်ရှိလား။ ငါမင်းနဲ့ တွေ့ချင်လို့။"

"ဟုတ်ကဲ့။ ဟုတ်ကဲ့။ မင်းဘယ်မှာလဲ။ ငါမင်းကိုတွေ့ဖို့ ချက်ချင်းလာခဲ့မယ်။" ဓားက ဆာလဖျူရစ်အက်ဆစ်ထဲ ပြုတ်ကျသွားရင်တောင် အဲ့ဒါကိုရှာဖို့ သံချပ်ကာဝတ်သင့်ရင် ဝတ်ရမှာပဲ။

(သူပြောချင်တာကို သိပ်မရှင်းလို့ ဒဲ့ပဲပြန်လိုက်ပါတယ်။ မြန်မာလိုဆို ဓားတောင်ကျော်ပြီး မီးပင်လယ်ပဲဖြတ်ရဖြတ်ရ အရိုးကြေကြေအရည်ခမ်းခမ်း တာဝန်ကိုဆောင်ရွက်မယ်ဆိုတဲ့ပုံစံမျိုးလို့ ထင်ပါတယ်။)

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now