Chapter (8) Z+U သတင်းဆိုး/သတငျးဆိုး

6K 1K 18
                                    

Zawgyi

သတင်းဆိုး

လီကျောင်းနှင့် ကျန်းရှောင်ယွမ်တို့သည် ကမ်းလှမ်းလာသည့် ကုမ္ပဏီများအကြောင်း လှန်လှောကြည့်ရင်း တစ်ညလုံး ကုန်ဆုံးသွားခဲ့သည်။ အဆုံးတွင် ကုမ္ပဏီအများစုသည် အလိမ်အညာကတိများဖြင့် ပြည့်နေသည်ကို သူတို့ တွေ့လိုက်ရသည် ။သူတို့က လီကျောင်း၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို လုံးဝ ဂရုမစိုက်ပေ။ သူတို့က သူ့ရဲ့ရှိပြီးသားကျော်ကြားမှုကို ငှားရမ်းကာ သူ့ပရိတ်သတ်များကို ငွေရှာစက်တစ်ခုအဖြစ် အသုံးပြုချင်နေကြသည်။

ဖျော်ဖြေရေးလောကသို့ ဝင်ပြီးနောက် အနုပညာရှင်များစွာသည် စာချုပ်မှ ရုန်းမထွက်နိုင်ဘဲ ပိတ်မိနေသည်ကို ကျန်းရှောင်ယွမ်သာ မမြင်ဖူးခဲ့လျှင် သူတို့က ထိုအလိမ်အညာကတိများကို ယုံကြည်မိလိမ့်မည်ဖြစ်၏ ။

"စာချုပ်မှာပါတဲ့ အချက်တွေမှာ အားနည်းချက်တွေ အများကြီးရှိတယ် ။ဒါကြောင့် တစ်ခုခုကို လက်မှတ်ထိုးဖို့ စိတ်မစောနဲ့"

ကျန်းရှောင်ယွမ်က Green Pepper Video site ကိုဖွင့်လိုက်သည်။

"အခုဆိုရင် အခမဲ့အပိုင်း ၆ ပိုင်း ထုတ်လွှင့်ပြီးတော့ VIP အဖွဲ့ဝင်တွေက နောက်ထပ်အပိုင်းသစ်လေးပိုင်း ကြည့်လို့ရတယ်။ စုစုပေါင်းအပိုင်း ဆယ်ပိုင်း ပြပြီးပြီ ။ နောက်တစ်မျိုးပြောရရင် ထုတ်လွှင့်ဖို့ သုံးဆယ့်ငါးပိုင်း ကျန်သေးတယ် ။ တစ်ပတ်ကို နှစ်ပိုင်းကနေ လေးပိုင်းထိ ပျမ်းမျှ ထုတ်လွှင့်မယ်ဆိုရင် အနည်းဆုံးနှစ်လလောက်ထိ မင်းက ဒရမ်မာရဲ့ လက်ရှိကျော်ကြားမှုကို ထိန်းထားနိုင်တယ် ။ အရမ်း ပူပန်မနေနဲ့ ။ နောက်ပိုင်းကျရင် ပိုကောင်းတဲ့ရွေးချယ်မှုတွေ ရှိလာနိုင်ပါတယ်။ "

" ကောင်းပြီ။ " လီကျောင်းက ခေါင်းညိတ်လိုက်သည်။ "အစ်ကိုရှောင်ယွမ် ပြောတာ ကျွန်တော် နားထောင်ပါ့မယ်"

ကျန်းရှောင်ယွမ်က ရယ်သည်။ "ငါမင်းကို တိုက်ခိုက်မှာ မကြောက်ဘူးလား"

"မကြောက်ပါဘူး။ ကျွန်တော် ပိုက်ဆံတစ်ပြားမှ မရှိတော့လို့ အစကနေ ပြန်စရမယ်ဆိုရင်တောင် အစ်ကိုက ကျွန်တော့်ကို ကူညီမှာပဲ" လီကျောင်းက ရယ်ပြီး ပြောလိုက်သည်။ "အဲ့အခါကျရင် အစ်ကို ကျွန်တော့်ကိုထပ်မတိုက်ခိုက်တော့ဘူး ဆိုတာယုံတယ်"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now