Chapter (58-1) Z+U ဘေဘီလေးကိုကာကွယ်ခြင်း /ဘေဘီလေးကိုကာကွယ်ခြင်း

4.1K 765 29
                                    

Zawgyi


ပရိသတ်များသည် လီကျောင်းက ဝက်ကလေးကို ဝက်ခြံထဲသို့ အလျှင်အမြန်ပစ်ထည့်လိုက်ကြောင်း မြင်ရသည်နှင့် သူတို့၏အပြုံးများကို မထိန်းချုပ်နိုင်တော့ဘဲ အူလှိုက်သည်းလှိုက် ရယ်မောခဲ့ကြသည်။

“ငါက ဒီရှိုးကို အမေနဲ့အတူတူ ကြည့်နေတာ။ငါ့အမေက လုံ့လဝီရိယရှိတဲ့ ဒီကလေးရဲ့ အမည်ကို မေးနေပြီ။ နောက်ပိုင်း ဒီလိုရည်းစားမျိုးနဲ့ တွေ့ခဲ့ရင် ဖက်တွယ်ထားသင့်တယ်လို့လည်း အမေက ပြောခဲ့သေးတယ်။"  

“ရိုးရိုးသားသားပြောရရင် လီကျောင်းက နာမည်ကြီးလူတချို့နဲ့ ရောနှောဖို့ web ဒရမ်မာတစ်ကားကို မှီခိုပြီး ချန်ရှီးရဲ့ပေါင်ကို ဖက်ထားတဲ့အတွက် သူ့ကို သိပ်ပြီးသဘောမတွေ့ခဲ့ဘူး။ ဒါပေမဲ့ သူက ဦးလေးကြီးနဲ့ ဝက်မွေးမြူရေးအကြောင်း မိသားစုဘဝအကြောင်း သဘာဝကျကျ ဆွေးနွေးနေတာ မြင်လိုက်ရတော့ သူက အရမ်းရိုးသားပြီး နှစ်လိုဖွယ်ကောင်းတဲ့လူငယ်လေးတစ်ဦးဖြစ်တယ်လို့ ရုတ်တရက် ခံစားလိုက်ရတယ်။

"အပေါ်ကလူရေ +1။ ဒီဦးလေးကြီးက လီကျောင်းကို တကယ်သဘောကျတာကို ငါမြင်လိုက်ရတယ်။ သူ့မျက်လုံးတွေက သူ့ကလေးအရင်းကို ကြည့်နေသလိုပဲ။”

အင်တာနက်သုံးစွဲသူများက ဤရှိုးကိုကြည့်ရင်း ဆွေးနွေးနေကြသည်။ အဒေါ်ကြီးက လီကျောင်းကို မီးဖိုချောင်သို့ ခေါ်ကာ သူ့အတွက် ပန်းကန်ပြားလေးတစ်ခု ပြင်ဆင်ပေးသည်ကို တွေ့လိုက်ရ၏။ ရလဒ်မှာ ကင်မရာက သူ့အား ဖမ်းမိသွားပြီး ထိုအဖြစ်အပျက်ကြောင့် သူတို့ ရယ်မောကြပြန်သည်။

“အမေရေ၊ ဒီအဒေါ်ကြီးက အရမ်းချစ်စရာကောင်းတာပဲ။ သူမက ကျောင်းကျောင်းစားဖို့ ဝက်ပေါင်ခြောက်ကို တိတ်တိတ်လေး ခေါ်ပေးလိုက်တယ်။ ကျောင်းကျောင်းက ပန်းကန်လေးကိုင်ထားရင်း ကင်မရာကို အကြိမ်တစ်ရာလောက် လှည့်ကြည့်နေတာကို ငါတွေ့လိုက်ရတယ်။" 

"ကျောင်းကျောင်းကို မတားပါနဲ့။ သူ့ကို စားခွင့်ပေးလိုက်ပါ။ ဝက်ပေါင်ခြောက်ကို စားဖို့အတွက် ကလေးက ဝက်လေးတစ်ကောင်ကိုတောင် သယ်လာပြီး အများကြီးအနစ်နာခံခဲ့ရတာ။ ဘယ်သူကမှ သူအစားစားတာကို တားလို့မရဘူး။ သူစားပါစေ..အား!!!"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Hikayelerin yaşadığı yer. Şimdi keşfedin