Zawgyi
မခါးသီးပါဘူး
စားသောက်ပြီးသောအခါ လီကျောင်းက ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ ကျန်းရှောင်ယွမ်က သူ့ကို စိုက်ကြည့်ရင်း ဘယ်လိုစကားစရမလဲဟု အတွေးပွားနေမိသည်။
လီကျောင်းနှင့် ပတ်သက်သော အတင်းအဖျင်းသတင်းမှာ ပေါ်ထွက်လာပြီးနောက် မကြာမီ ရုတ်တရက် ပျောက်ကွယ်သွား၏။ သူတို့အဖွဲ့အတွက် တုံ့ပြန်ချက်တစ်ခုခု ပေးရန်ပင် အချိန်မရလိုက်ပေ။ ကုမ္ပဏီတစ်ခု၏ ယေဘုယျကျကျ တွေးခေါ်မှုအရ လီကျောင်းအပေါ်ထားသည့် ပရိသတ်၏ စာနာမှုနှင့် ကရုဏာတရားကို မြှင့်တင်ရန်အလို့ငှာ သူတို့သည် ဤကိစ္စကို သေချာပေါက် အရှိန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်သည်။
စတော်ဘယ်ရီအင်တာတိန်းမန့်သည် စေ့စပ်သေချာသော ကုမ္ပဏီတစ်ခုဖြစ်ပြီး ဤအဖြစ်အပျက်၏ အကျိုးကျေးဇူးများကို တိတိကျကျ နားလည်ပေသည်။ သို့သော် ကုမ္ပဏီက မည်သည့်အရာမှမလုပ်ဘဲ လီကျောင်း၏ ရွေးချယ်မှုကို လေးစားမည်ဟု ထုတ်ဖော်ပြောကြားခဲ့၏။ ကုမ္ပဏီသည် အဖွဲ့၏လှုပ်ရှားမှုများနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။
"နာမည်ကြီးနေတဲ့အကြောင်းအရာတွေကို ဖယ်ရှားလိုက်ပြီ။ အဲ့ဒါကြောင့် အွန်လိုင်းပေါ်က ကိစ္စတွေကို မင်း ဂရုစိုက်နေစရာ မလိုတော့ဘူး။" ဤအချိန်တွင် အချို့စကားလုံးများကို ထိန်ချန်ထားခဲ့သည်။ "ညနေကျရင် စောစော အနားယူလိုက်ပေါ့။ ရက်နည်းနည်းလောက်ကြာရင် သတင်းတွေ လုံးဝ ပျောက်သွားလိမ့်မယ်။"
"ကျွန်တော်သိပါတယ်။" လီကျောင်းက သစ်သီးခြောက်ထုပ်ကို ကျန်းရှောင်ယွမ်အား ပေးလိုက်၏။ "စကားပြောရင်းနဲ့ စားမလား။"
ကျန်းရှောင်ယွမ် "……"
ကျန်းရှောင်ယွမ်ကိုစားဖို့ ဖိတ်နေနိုင်မှတော့ လီကျောင်းရဲ့စိတ်အခြေအနေက အများကြီး မထိခိုက်သွားဘူးလို့ ထင်ရတာပဲ။
"ကျွန်တော့်အတွက် သတင်းစာရှင်းလင်းပွဲတစ်ခု လုပ်ဖို့ စီစဉ်ပေးပါ။" လီကျောင်းက ဖရုံစေ့ကို အခွံခွာပြီး ပြောလိုက်သည်။ "လူတော်တော်များများက ကျွန်တော့်ဘဝအတွက် စိုးရိမ်နေကြတာဆိုတော့ ကျွန်တော်က သူတို့ကို စိတ်ပူပန်ရအောင် လုပ်လို့မဖြစ်ဘူး။"
BẠN ĐANG ĐỌC
ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ [Myanmar translation]
Lãng mạnZawgyi လီကျောင်းသည် ဆင်းရဲနွမ်းပါးသော အသက်၂၀အရွယ် သရုပ်ဆောင်တစ်ဦးဖြစ်ပြီး နောက်ထပ်တစ်နပ်စာ မည်သည့်နေရာမှရမလဲ ဟု တွေးတောနေရသူဖြစ်သည်။ တစ်ယောက်တည်း မွေးဖွားကြီးပြင်းလာပြီးနောက် လီကျောင်းသည် မိသားစုအဖြစ်မှတ်ယူထားသည့်သူများအတွက် ပိုက်ဆံရှာဖွေနေရစဉ်တွင်...