Zawgyi
ထုတ်လွှင့်ပြသခြင်း
"ဝေးလံခေါင်သီ တောင်တန်း တောမြောင်ဆီ" အစီအစဉ်သည် အခြားသော ရသစုံရှိုးများနှင့် ယှဉ်လျှင် အဆင့်သတ်မှတ်ချက် မြင့်မားခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ဤရှိုးက အလွန်အမင်းကြော်ငြာမှုကို မနှစ်မြို့ဘဲ ဧည့်သည်များ၏ မပျော်ရွှင်သည့် အမူအရာပေါင်းချုပ်ပုံများက ရှိုးတွင် ပါဝင်ရသည်ထက် ပိုများနေလေ့ရှိသောကြောင့် ဖြစ်သည်။
"စနေနေ့ညရှစ်နာရီခွဲတွင် ဝေးလံခေါင်သီ တောင်တန်းတောမြောင်ဆီ" ရှိုး၏တရားဝင် Weibo မှ စည်းမျဉ်းစည်းကမ်းများအတိုင်း နမူနာဗီဒီယိုတစ်ခု ဖြန့်ချိခဲ့သည်။
ဝေးလံခေါင်သီ တောင်တန်း တောမြောင်ဆီ : သာယာလှပပြီး ငြိမ်းချမ်းတဲ့ ချင်ရှီးရွာလေးမှာ ဧည့်သည်တွေက ကျေးလက်ဘဝကို ဘယ်လိုနည်းလမ်းတွေနဲ့ အတွေ့အကြုံယူကြမှာလဲ။ အားလုံးပဲ ဝေးလံခေါင်သီ တောင်တန်း တောမြောင်ဆီကို ညကိုးနာရီတိုင်း အမျိုးသားရုပ်သံလိုင်းမှာ ကြည့်ရှုခံစားလိုက်ပါ။ @ရှန်ကျန်း @ကျန်းခွိုက် @ကျန်းစန်း @လိရှီ @ချန်သော်ရှီး @လီကျောင်း
တရားဝင် Weibo သည် ပရိသတ် ၂၀၀၀၀ ထက်နည်းပြီး ပရိသတ်တစ်ဝက်လောက်မှာ Weibo မှပေးထားသည့် ပရိသတ်အတုများဖြစ်၏။ ပုံမှန်အားဖြင့် သူတို့ ပိုစ့်တစ်ခုတင်ပါက အင်တာနက်သုံးစွဲသူအများစုက မှတ်ချက်ပေးလေ့ရှိကြသည်။ သို့ရာတွင် ယနေ့သည် တစ်မူကွဲပြားနေခဲ့၏။ နောက်ဆုံးတွင် တည်ရှိမှုသေးသေးလေးတစ်ခု ရှိနေခဲ့သည်။
"လီကျောင်း။ ဒါကငါသိတဲ့ လီကျောင်းလား။"
"23333 မဟုတ်လောက်ဘူး၊ အမျိုးသားရုပ်သံအစီအစဉ်က လီကျောင်းနဲ့ လုံးဝအလှမ်းဝေးလွန်းတယ်။ ဒီအံ့သြစရာကောင်းတဲ့ပြိုင်ပွဲက ဘာကြီးလဲ။"
"ကျွန်မအမေက ဝေးလံခေါင်သီ တောင်တန်း တောမြောင်ဆီကို ကြည့်ရတာ အရမ်းကြိုက်တယ်။ သူမ ငယ်ငယ်တုန်းက ရှန်ကျန်းရဲ့ပရိသတ်ပါ။ အစီအစဉ်ရဲ့ ဧည့်သည်တွေကြားမှာ လီကျောင်းမပါဘူးဆိုတာကို ငါမှတ်မိနေသလိုပဲ။"
YOU ARE READING
ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ [Myanmar translation]
RomanceZawgyi လီကျောင်းသည် ဆင်းရဲနွမ်းပါးသော အသက်၂၀အရွယ် သရုပ်ဆောင်တစ်ဦးဖြစ်ပြီး နောက်ထပ်တစ်နပ်စာ မည်သည့်နေရာမှရမလဲ ဟု တွေးတောနေရသူဖြစ်သည်။ တစ်ယောက်တည်း မွေးဖွားကြီးပြင်းလာပြီးနောက် လီကျောင်းသည် မိသားစုအဖြစ်မှတ်ယူထားသည့်သူများအတွက် ပိုက်ဆံရှာဖွေနေရစဉ်တွင်...