Chapter (23) ဘယ်လိုတိုက်ဆိုင်မှုမျိုးလဲ

4.6K 714 24
                                    

ဘယ်လိုတိုက်ဆိုင်မှုမျိုးလဲ

ရန်ထင်းက လီကျောင်းပေးလာသည့် လိမ္မော်သီးကို စားရန် ခေါင်းငုံ့လိုက်သည်။ ရုတ်တရက် ချဉ်သောအရသာက သူ့ပါးစပ်ထဲပြည့်လျှံသွားသော်လည်း သူက ခံစားချက်မဲ့နေဆဲ ဖြစ်၏။

"မင်းအဲဒါကို မျိုချလိုက်တာလား။" လီကျောင်းသည် ရန်ထင်းက တစ်ချက်မျှ မျက်ခုံးမတွန့်ဘဲ စားလိုက်သည်ကိုမြင်သော် သူ့အိတ်ကပ်ထဲမှသကြားလုံးတစ်လုံးကို အလျင်အမြန် ထုတ်ယူပြီး ရန်ထင်းအား ပေးလိုက်သည်။ "ငါမင်းကိုနောက်နေတာ။ ဒီလိမ္မော်သီးကချဉ်လွန်းလို့ ငါ့သွားတွေတောင် ပျက်စီးတော့မလိုပဲ။"

ထိုအစိမ်းရောင်လိမ္မော်သီးကို စားရခြင်းမှာ ဆုံလည်စက်ဝိုင်းတွင် ကံစမ်းရသကဲ့သို့ပင်။ အချို့မှာ အရည်ရွှမ်းပြီး ချိုသော်လည်း အချို့မှာ မျက်ရည်ကျလောက်အောင် ချဉ်နေခဲ့၏ ။ ရန်ထင်းသည် မျက်နှာအမူအရာ ပြောင်းလဲခြင်းမရှိဘဲ ထိုသို့ ချဉ်တူးနေသည့် လိမ္မော်သီးကို မျိုချနိုင်လိမ့်မည်ဟု လီကျောင်းက မမျှော်လင့်ခဲ့ပေ။သူသည် ချက်ချင်း လေးစားသွားပြီး "မင်းက အရမ်းအစွမ်းထက်တာပဲ။" ဟု ချီးမွမ်းလိုက်သည်။

"ဒီဟာကောင်းတယ်။" ရန်ထင်းက အဝါရောင်သမ်းနေသည့် လိမ္မော်သီးကို ထုတ်ယူလိုက်ပြီး လီကျောင်းလက်ထဲ ထည့်လိုက်သည်။

"ကြည့်ရတာ ချိုမဲ့ပုံပဲ။" လီကျောင်းက အခွံခွာပြီးစားလိုက်သည်။ "ဒီတစ်ခေါက်က တကယ်ချိုတာ။ မင်းမြည့်ကြည့်ပါလား။"

ရန်ထင်းက သူကမ်းပေးလိုက်သည့် လိမ္မော်သီးကို မစားချင်ကြောင်း သိသဖြင့် လီကျောင်းသည် သူ့ခေါင်းအုံးကို ပွေ့ဖက်လိုက်ပြီး ဆိုဖာပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ "ရန်ထင်း ၊ မင်းကရိုးသားလွန်းတယ်။ ငါမင်းကိုထပ်လိမ်ရင် ဘာဖြစ်မလဲ။"

"ကိစ္စမရှိပါဘူး။" ရန်ထင်းသည် အဝါရောင်လိမ္မော်သီးနှစ်လုံးကိုရွေးကာ လီကျောင်းရှေ့တွင် ထားလိုက်သည်။

"တော်ပါပြီ။ ရိုးသားတဲ့လူတွေကို အနိုင်ကျင့်မိရင် ငါ့မှာ အပြစ်ရှိတယ်လို့ ခံစားနေရတယ်။" လီကျောင်းက တစ်ကိုယ်လုံးကို ဆိုဖာပေါ်သို့ လှဲချလိုက်ပြီး "ထင်းထင်း ၊ မင်းကအနာဂတ်မှာ လူတွေအပေါ် ဒီလောက်ကျိုးနွံနေလို့မရဘူး မဟုတ်ရင် မင်းနစ်နာဆုံးရှုံးမှုတွေ ကြုံရလိမ့်မယ်။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now