Chapter (19) ဖြူစင်သောခင်မင်မှု

4.9K 788 23
                                    

ဖြူစင်သောခင်မင်မှု

“ဒီရုံးအဆောက်အဦက တကယ်ကို အထင်ကြီးစရာပဲ။” မီးရောင်များလင်းထိန်နေသော အဆောက်အဦအောက်တွင် ရပ်ရင်း လီကျောင်းသည် ပြတင်းပေါက်များကို မော့ကြည့်လိုက်သည်။

“အမှန်ပဲ ၊ ဒါက ကမ္ဘာကျော်ကုမ္ပဏီတစ်ခုရဲ့ဌာနချုပ်လေ။ ဒီမှာအလုပ်လုပ်နေတဲ့သူတွေအားလုံးက နာမည်ကြီးကျောင်းတွေရဲ့ ထူးချွန်တဲ့ကျောင်းသားတွေလို့ ပြောကြတယ်။ ကြမ်းပြင်ကိုသုတ်နေတဲ့အစ်မကြီးတောင်မှ လျှို့ဝှက်မာစတာပဲ။” တခယ်၏အသံတွင် အားကျမှုများ ပါဝင်နေပြီး သူသည် လေးစားမှုပြည့်နေသော မျက်လုံးများဖြင့် တလက်လက်တောက်ပနေသည့် ကုမ္ပဏီဆိုင်းဘုတ်ကို ကြည့်လိုက်၏ ။ "မင်းသူငယ်ချင်းက အရမ်းတော်တယ်။"

"ကုမ္ပဏီက အဲ့ဒီလောက်တောင်ကြီးလား။" လီကျောင်းသည် မြို့ငယ်လေးတစ်မြို့တွင် နေထိုင်ခဲ့ပြီး နောက်ပိုင်းတွင် ကျန်းရှောင်ယွမ်နောက်သို့ လိုက်လာခဲ့သည်။ ငွေရှာနိုင်ရန် သူသည် ရိုက်ကူးရေးအကြီးစားများတွင် အစားထိုးသရုပ်ဆောင်အဖြစ် လုပ်ကိုင်ခဲ့ရ၏ ။ သူ့တွင် ကုမ္ပဏီကြီးများနှင့်ပတ်သတ်၍ နားလည်မှုတစ်စုံတစ်ရာ မရှိခဲ့ပေ။

“ မင်းမသိဘူးလား…” တခယ်သည် လီကျောင်း၏နားထဲသို့ တိုးတိုးလေးပြောလိုက်သည်။

“ဖျော်ဖြေရေးအသိုင်းအဝိုင်းက ကြယ်ပွင့်တွေကအကန့်အသတ်မရှိ ကျော်ကြားချင်ကျော်ကြားလိမ့်မယ် ၊ ဒါပေမဲ့ ဒီကုမ္ပဏီရှေ့မှာ ဘယ်သူမှ လာမရှုပ်ရဲဘူး။ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုရထားတဲ့ ရှုရှင်းဆိုတဲ့ အနုပညာရှင်တစ်ယောက်ရှိတယ်။ ဒီကုမ္ပဏီပိုင်ရှင်ရဲ့ မျိုးရိုးနာမည်က "ရှု" ဆိုတာကို ကြားပြီးတဲ့နောက် သူမက ရှုမိသားစုနဲ့ဆွေမျိုးတော်စပ်ပါတယ်ဆိုပြီး သူ့ကိုယ်သူ ချမ်းသာတဲ့အမျိုးသမီးအဖြစ် သတင်းလွှင့်ခဲ့ဖူးတယ်။ ကျွန်တော်တို့ကုမ္ပဏီသူဌေးက အဲ့ကိစ္စကို လူချင်းတွေ့ပြီး တောင်းပန်ဖို့ သူ့ဆီကို သွားခဲ့ရတယ် ။ ငါတို့သူဌေးလိုလူတစ်ယောက်က မစ္စတာရှုနဲ့မတွေ့ဆုံနိုင်ခင် အကြိမ်ပေါင်းများစွာ ငြင်းပယ်ခံလိုက်ရသေးတယ်။”

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now