Chapter (71-1) Z+U နွေးထွေးမှု / နွေးထွေးမှု

3.8K 782 12
                                    

Zawgyi

နွေးထွေးမှု

"ငါ မင်းကို အိမ်ပြန်ဖို့ လာခေါ်တာ။" ရန်ထင်း၏မျက်လုံးများက ကျူးရှနှင့် အခန်းတွင်းရှိ အခြားလူများကို အကဲခတ်ပြီးနောက် လီကျောင်းပေါ်သို့ အကြည့်ရောက်သွား၏။ "သွားကြရအောင်။"

"ငါဒီမှာရှိနေတာကို မင်းဘယ်လိုလုပ်သိလဲ။" လီကျောင်းက ပြုံးပြီး ဖိနပ်စီးရန် ခါးကုန်းနေစဉ် ရန်ထင်းက တံခါးဝတွင် ရပ်ပြီး သူ့အား ကြည့်နေခဲ့သည်။ "အစ်မရှပြောပြတာ။" 

လီကျောင်းက ဖိနပ်စီးရင်း ဖုန်းတစ်ဖက်ရှိ ကျန်းရှောင်ယွမ်နှင့် စကားပြောလိုက်၏။ "အစ်ကိုရှောင်ယွမ်၊ ကျွန်တော့်သူငယ်ချင်းက ကျွန်တော့်ကို လာကြိုတယ်။ အစ်ကို လာစရာမလိုတော့ဘူး။"

"မင်းနဲ့တွေ့ဖို့ မင်းအိမ်ကို လာခဲ့မယ်။" ကျန်းရှောင်ယွမ်က အမြန် ဖုန်းချလိုက်သည်။

“အရမ်းအလျင်လိုနေတဲ့ပုံပဲ။ အရေးကြီးတဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး ရှိနေလို့လား။” လီကျောင်းက နောက်လှည့်ပြီး သူ့သူငယ်ချင်းများကို နှုတ်ဆက်လိုက်သည်။ "ဒါဆို ကျွန်တော် အရင်ပြန်တော့မယ်။ မနက်ဖြန် ကျွန်တော့်ရဲ့ဘာဘီကျူးပွဲကို လာဖို့မမေ့နဲ့နော်။" 

“အိုကေ၊ အိုကေ။” ကျူးရှနှင့် အခြားသူများက ခေါင်းညိတ်သဘောတူလိုက်ကြ၏။

ရန်ထင်းနှင့်လီကျောင်း ထွက်သွားသည်နှင့် ကျိုးမင်က ကျူးရှကို မေးလိုက်သည်။ "မင်းဘယ်တုန်းက ရှောင်ရန်ကို ဆက်သွယ်ခဲ့တာလဲ။"

ကျူးရှက ဘာမှပြန်မဖြေပေ။

" ကျောင်းကျောင်းနဲ့ပတ်သတ်ပြီး တစ်ခုခုဖြစ်နေပြီ။" ကျူးလင်းလင်းသည် သူမ၏သူငယ်ချင်းများထံမှ ဆုတောင်းစာများကို ပြန်လည်ပေးပို့ရန် ဖုန်းကိုင်ထားစဉ် အသိပေးချက်တစ်ခု ပေါ်လာသည်။ သူမ ကလစ်နှိပ်၍ ကြည့်ပြီးနောက် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသည်။

"ဘာဖြစ်တာလဲ။"

သူငယ်ချင်းများ အံ့သြသွားကြသည်။ ကျောင်းကျောင်းက ခုနကမှ တံခါးအပြင်ကို ထွက်သွားတာလေ။ ဘာလို့ တစ်ခုခုဖြစ်ရမှာလဲ။"

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Where stories live. Discover now